spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး၂ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

    ရေးမြို့ လဝကရုံး ပစ်ခတ်ခံရပြီး၂ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ်၊ ၃)

    မွန်ပြည်နယ် ရေးမြို့ လဝကရုံးအတွင်း ယနေ့ (သြဂုတ် ၃ ရက်) နေ့လည် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦးပွဲချင်းပြီး သေဆုံးကာ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ်မှုကြောင့် အဆိုပါ ပစ်ခတ်မှုကြောင့် ဒု – လဝကမှူး ဦးအောင်ကိုထက်နှင့် ဒု – ဦးစီးမှူး ဦးသိန်းထိုက် သေနတ်ဒဏ်ရာ ၂ ချက်စီဖြင့် သေဆုံးခဲ့ပြီး ဒု – ဦးစီးမှူး ဦးမြင့်လွင် (ကိုစာလူး) က လက်မောင်းနှင့်နောက်ကြော သေနတ်ဒဏ်ရာ၂ ချက်နှင့် ရေးမြို့ မြတ်အားမာန်မိတ္တူဆိုင်မှ ကိုဘော်လုံးမှာ မျက်နှာနှင့် ညာဘက်ညှပ်ရိုး ညာဘက်နို့အုံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    မြို့ခံတစ်ဦးက “လဝကရုံးထဲ ဝင်ပစ်တယ်။  ဒု – လဝကမှူးနဲ့ ဒု – ဦးစီးမှူး သေဆုံးသွားတယ်။ နောက်ဒု – ဦးစီးမှူးတစ်ယောက်နဲ့ အရပ်သားတစ်ယောက် မော်လမြိုင်ဆေးရုံတင်လိုက်ရတယ်” ဟု ပြောသည်။

    ရေးမြို့ လဝကရုံးတွင် ရေးဘီလူးအဖွဲ့ဝင်များက လာရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်က ရေးမြို့ လဝကရုံးတွင် ရေးဘီလူးအဖွဲ့ဝင်များက ဗုံးပစ်ပေါက်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း၊ ရေးမြို့မရဲစခန်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

    ရေးမြို့နယ် လဝကဌာန ပန်းခင်းစီမံချက်

    Topics; #ရေးမြို့ #လဝကရုံး #ရေးဘီလူးအဖွဲ့ #ပစ်ခတ် #သေဆုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks