spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းတရုတ်နိုင်ငံမှ ငါးအဝယ်မရှိသောကြောင့် ပြည်တွင်း၌သာ သိုလှောင်ထားရ

    တရုတ်နိုင်ငံမှ ငါးအဝယ်မရှိသောကြောင့် ပြည်တွင်း၌သာ သိုလှောင်ထားရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၅)

    တရုတ်နိုင်ငံမှ ငါးအဝယ်မရှိသောကြောင့် မွန်ပြည်နယ်ထွက် ငါးများကို ပြည်တွင်း၌သာ သိုလှောင်ထားရကြောင်း ငါးလုပ်ငန်းရှင်များထံက သိရသည်။

    ငါးတင်ပို့မှု လမ်းကြောင်းကို တရုတ်နိုင်ငံမှ ပိတ်ထားခြင်းမရှိသော်လည်း ကိုဗစ်ကြောင့် တရုတ်နိုင်ငံ၏ ငါးဈေးကွက် ပြန်မဖွင့်သေးကြောင်း ‌မော်လမြိုင်မှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “လက်ရှိက တရုတ်ပြည်ကတော့ မပိတ်တော့ မပိတ်ထားဘူး။ ဒါပေမယ့် ပို့တဲ့အခါမှာကျတော့ ဟိုဘက်က ကိုဗစ်တွေ ဖြစ်တာများလို့လား။ သူတို့ သတ်မှတ်ချက်ကြောင့်လားတော့ မသိဘူး။ ဈေးတွေ ပြန်မဖွင့်သေးဘူး။ ပို့လိုတော့ရတယ်။ ရောင်းဖို့ ဈေးကွက်မရှိဘူးဆိုတော့ ပို့ထားပြီးတော့ သွားစောင့်နေရမလိုဖြစ်တော့ များသောအားဖြင့်တော့ မပို့ကြဘူး။ ဒီဘက်မှာ ဝယ် ပြီးတော့ သိုလှောင်ထား။ အအေးခန်းထားပေါ့”ဟု ၎င်းက ပြောသည်။

    တရုတ်နိုင်ငံ၏ အဓိက ဈေးကြီးများဖြစ်သော ရှန်ဟိုင်းနှင့် ပေကျင်း တို့တွင် ငါးဈေးများပိတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    တရုတ်သို့ တင်ပို့မှု မရှိသောကြောင့် ပြည်တွင်းငါးဈေးနှုန်းသည် အတက်အကျ သိသိသာသာ မရှိသော်လည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း မော်လမြိုင်မှ ငါးအရောင်းအဝယ်ဒိုင်တစ်ဦးက ပြောသည်။

    “အခုက ပြည်တွင်းမှာပဲ သို့လှောင် ရသလောက် ရန်ကုန်ကို ပို့ပေါ့။ အဲလောက်နဲ့ပဲ သွားနေတယ်။ တရုတ်ဈေးတွေ ပြန်ဖွင့်မှပဲ တရုတ်ဘက်ကို ပြန်ပို့မယ်လို့ စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် နစကကောင်စမှ ငွေကြေးကန့်သတ်ချက်များ ထုတ်ပြန်ထားသော်လည်း ပြည်ပတင်ပို့မှု ရပ်ထားသောကြောင့် မည်သို့ဖြစ်လာမည်ကို မသိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို တရုတ်နိုင်ငံသို့ အဓိက တင်သွင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks