Wednesday, April 1, 2026
More
    spot_img
    Homeသတင်းထိုင်းဘတ်ငွေ ဈေးမြင့်လာ၍ ယိုးဒယားကုန်ပစ္စည်းများ ဈေးတက်

    ထိုင်းဘတ်ငွေ ဈေးမြင့်လာ၍ ယိုးဒယားကုန်ပစ္စည်းများ ဈေးတက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၅)

    ထိုင်းဘတ်ငွေဈေး မြင့်တက်လာသောကြောင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသော ယိုးဒယားကုန်ပစ္စည်းများ ဈေးတက်လာခဲ့ကြောင်း ကုန်သည်များထံက သိရသည်။

    နစကကောင်စီ၏ ငွေကြေးကန့်သတ်ချက်များကြောင့် ဒေါ်လာဈေးများ မြင့်တက်လာသလို ထိုင်းဘတ်ဈေးများလည်း မြင့်တက်လာခဲ့ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

    “ငွေတွေ မြင့်ပြီဆိုထဲက ကုန်ဈေးတွေတက်တော့မယ် ဆိုတာသိတယ်။ အခုက ထင်တာထက်ကို ပိုမြန်မြန် ဈေးတက်လာခဲ့တာ။ အခုက ငွေဈေးပေါ်မူတည်ပြီး ဈေးနှုန်းတွေ လိုက်တက်တာ မတူဘူး”ဟု ၎င်းက ပြောသည်။

    ဇူလိုင် ၂၃ ရက်အထိ မြန်မာငွေ တစ်ကျပ် လျှင် ထိုင်းဘတ်ငွေ ၆၇ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းနေသာ စားသောက်ကုန်ပစ္စည်းများသည် ယခင်ဝယ်ရင်းဈေးထက် ၁၀ ရာခိုင်နှုန်း ဈေးတက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

    အလားတူ ယိုးဒယားမှ တင်သွင်းသော အလှကုန်ပစ္စည်းများသည် ယခင်ဈေးနှုန်းထက် ၁၅ ရာခိုင်နှုန်း ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ်မှ ကုန်စံဆိုင်ပိုင်ရှင်တစ်ဦးက “ဆီတွေက သိသိသာသာ ဈေးအရမ်းတက်တယ်။ အရင်က တစ်လီတာ ၁၁၀၀ ပေါ့။ အခု ၁၈၀၀ ကျပ်ထိ ရောင်းနေတယ်။ ဒါ လက်ကျန်နော်။ ပစ္စည်းသစ်ဝင်ရင်တော့ တက်ဈေးနဲ့ ရောင်းရမှာပေါ့”ဟု ၎င်းက ပြောသည်။

    အလားတူ ခေါက်ဆွဲခြောက်၊ အသားမှုန့်၊ ဆပ်ပြာရည်နှင့် ကော်ဖီမစ်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံထဲသို့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနှင့်ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းများကို အဓိက တင်သွင်းနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks