spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ကွမ်းသီးခြောက်ဈေးတက်

    မွန်ပြည်နယ်အတွင်း ကွမ်းသီးခြောက်ဈေးတက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁၈)

    မွန်ပြည်နယ် ဈေးကွက်အတွင်း ကွမ်းသီးလက်ကျန်နည်းလာသောကြောင့်ကွမ်းသီးခြောက် ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း တောင်သူများထံက သိရသည်။

    ကွမ်းသီး ရာသီကုန်ချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီး ဈေးနှုန်းလည်း မြင့်နေကြောင်း ကွမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

    “ကွမ်းဈေးက နည်းနည်း နည်းနည်းနဲ့ ပြန်တက်လာနေတာ။ ရာသီကုန်ပြီဆိုတော့ လှောင်ထားတဲ့ ကွမ်းတွေကလည်း နည်းလာပြီလေ။ ဈေးက တက်လာပြီပေါ့”ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်း ကွမ်းသီး မော်လမြိုင် အညိုသီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး တစ်ပိဿာ ၅၅၀၀ ကျပ်နှင့် ရေးကွမ်းသီး တစ်ပိဿာ ၅၃၀၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

    ဇူလိုင်လ ၁၆ ရက်တွင် ကွမ်းသီး မော်လမြိုင် အညိုသီး တစ်ပိဿာ ၅၁၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး တစ်ပိဿာ ၆၁၀၀ ကျပ် နှင့် ရေးကွမ်းသီး တစ်ပိဿာ ၆၂၀၀ ကျပ် အထိ ဈေးမြင့်တက်လာခဲ့သည်။

    အလားတူ ရေးဒေသမှ ထွက်ရှိသော ကွမ်းသီးနုများကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်သောကြောင့် ရေးကွမ်းသီးခြောက် ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တောင်သူ တစ်ဦးက ပြောသည်။

    “အရင်လတွေထဲက ကွမ်းသီးနုကို အဝယ်လိုက်နေတာ။ ရင့်ချိန်မရတော့ဘူး။ ကွမ်းသီးနုတွေ ဈေးတက်တော့ ရေးကွမ်းသီးခြောက်တွေလည်း အကုန်ဈေး တော်တော်တက်လာကုန်ရောပဲ”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်၊ ပဲခူး နှင့် တစ်ခြားပြည်နယ်များသို့ တင်ပို့ရောင်းချလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks