spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကရင်ပြည်နယ်အစိုးရလက်အောက်ရှိ မွန်ဘာသာသင်ကျောင်းများတွင် မွန်ဖတ်စာအုပ်များကို ဖြန့်ဝေပေးသွားမည်

    ကရင်ပြည်နယ်အစိုးရလက်အောက်ရှိ မွန်ဘာသာသင်ကျောင်းများတွင် မွန်ဖတ်စာအုပ်များကို ဖြန့်ဝေပေးသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၉)

    ကရင်ပြည်နယ်အတွင်း မွန်ဘာသာသင်ကြားလျက်ရှိသည့် အစိုးရစာသင်ကျောင်းများတွင် မွန်ဖတ်စာအုပ်များကို ယခု ဇူလိုင်လအတွင်း ဖြန့်ဝေးပေနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ်အတွင်း လက်ရှိ မွန်စာသင်ကြားနေသည့် G-1 ,G-2 ,G-3 ကျောင်းသားဦးရေအတိုင်း ပုံနှိပ်စာအုပ်များကို ရိုက်နှိပ် ထုတ်ဝေလျှက်ရှိပြီး ယခုလမကုန်မီ စာသင်ခန်းသို့အရောက် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် မွန်စာပေနှင့် ယဉ်ကျေးမှုဥက္ကဌ နိုင်ဇော်မင်းဦးက ပြောသည်။

    “ကရင်ပြည်နယ်အတွက်က ၂၀၂၂ – ၂၀၂၃ အတွက် ဘက်ဂျက်ဆွဲတဲ့အခါမှာ မွန်ဖတ်စာအုပ်အတွက်ဆိုပြီး ပညာရေးဌာနက ကျောင်းသားစာရင်းအတိုင်း focus လုပ်ပြီး တင်ပြထားတယ်။ တင်ဒါ ပေးထားပြီးပြီ။ မကြာခင် ကရင်ပြည်နယ်အတွက် ရတော့မှာပါ” ဟု ပြောသည်။

    သို့သော် မွန်စာအုပ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကသာ တစ်ကြိမ်ရရှိခဲ့ပြီး နောက်ပိုင်း မိတ္တူဆွဲ၍သာ သင်ကြားနေရကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွန်စာသင်ကြားနေသူဆရာမ မိကျဲလယ်ချမ်းက ပြောသည်။

    “ မွန်ဖတ်စာအုပ်က ကျွန်မအလုပ်စဝင်တဲ့ ၂၀၁၉ ခုနှစ်ကပဲ တစ်ခါ ထုတ်ဝေပေးတယ်။ နောက်ပိုင်းမရတော့ မိတ္တူဆွဲပြီးသင်တယ်။ ကျွန်မတို့ကိုယ်တိုင် ပိုက်ဆံကောက်ရမှာလည်း အဆင်မပြေတော့ ကလေးတွေ ကိုယ်တိုင်ပဲ မိတ္တူဆိုင်မှာ မိတ္တဴဆွဲထားပြီးသား ဖတ်စာအုပ်တွေ သွားဝယ်ကြရတယ်” ဟု ပြောသည်။

    ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ပညာရေးဌာနမှ ဆရာ ဆရာမစာရင်း ပြုစုရာတွင်ပြီးမြောက်နိုင်ခြင်းမရှိသေးသဖြင့် TA, LT ဆရာမများအနေဖြင့် ဇွန်လအတွက် လစာမရရှိသေးကြောင်းလည်း နိုင်ဇော်မင်းဦးမှ သိရသည်။

    ကရင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာသင်ကြားနေသည့် ကျောင်းပေါင်း ၉၀၊ ကျောင်းသာဦးရေ ၄၅၀၀၀ ကျော်နှင့် ဆရာ/ဆရာမ ဦးရေ ၁၈၇  ဦးခန့်ရှိကြောင်းသိရသည်။

    အလားတူ မွန်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်း ၂၇၀ ခန့်တွင် မွန်စာသင်ကြားလျက်ရှိရာ မွန်ဖတ်စာအုပ်မလုံလောက်မှုနှင့်ကြုံတွေ့ရင်ဆိုင်နေရပြီး မိတ္တူဆွဲသင်ကြားနေရသည့်အနေအထားတွင် မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းသွားမည်ကို မသိရသေးပေ။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks