Friday, March 13, 2026
More
    spot_img
    Homeသတင်းစစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေဆိုသည့်သတင်း လုံးဝမှန်ကန်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီငြင်းဆို

    စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေဆိုသည့်သတင်း လုံးဝမှန်ကန်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီငြင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၈)

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာ၌ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်တပ်နှင့်အတူ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ပူးပေါင်းပါဝင်နေကြောင်း သတင်းရေးသားပြောဆိုချက်မှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဗညားလယ်က ငြင်းဆိုလိုက်သည်။

    ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်နှင့်အတူ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ပါဝင်ခဲ့ကြောင်း KNU တပ်မဟာ ၁၊ သထုံခရိုင်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ခံပြောကြားခဲ့သည်ဆို၍ ယမန်နေ့တွင် RFA က သတင်းဖော်ပြခဲ့သည်။

    နိုင်ဗညားလယ်က “အဲဒီသတင်းက အခြေအမြစ်မရှိဘူး။ ကျနော်တို့ အနေနဲ့လည်း အဲဒီလိုမျိုး စစ်တပ်နဲ့ပူးပေါင်းဖို့ အစီအစဉ် လုံးဝမရှိဘူး။ ပူးပေါင်းမှာလည်း မဟုတ်ဘူး။ အခုကိစ္စတွေမှာ ကျနော်တို့ တပ်ဖွဲ့လုံးဝမပါခဲ့ဘူး” ဟု ပြောသည်။

    အဆိုပါ သတင်းအမှားသတင်းရေးသား ဖြန့်ဝေခဲ့သည့် RFA သတင်းဌာနကိုလည်း မွန်ပြည်သစ်ပါတီမှ စာရေးသားပေးပို့ထားကြောင်း နိုင်ဗညားလယ်က ပြောသည်။

     မွန်ပြည်သစ်ပါတီအနေဖြင့် စစ်တပ်နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားသွားမည် မဟုတ်သလို ရှေ့ဆက်တွင်လည်း ပူးပေါင်းမည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောသည်။

    KNU တပ်မဟာ ၁၊ သထုံခရိုင်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂  တာဝန်ခံက အဆိုပါတိုက်ပွဲတွင် ကရင်ပြည်နယ်မှ တပ်မ ၂၂ ပါဝင်သလို မွန်ပြည်သစ်ပါတီတပ်ဖွဲ့အချို့ ပါဝင်လာကြောင်း ပြောကြားခဲ့သည်ဟု RFA က သတင်းရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks