Homeသတင်းမုဒုံတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်၊ ခရီးသည်အချို့ ဒဏ်ရာရ

မုဒုံတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်၊ ခရီးသည်အချို့ ဒဏ်ရာရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၇)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအနီး မော်လမြိုင် – သံဖြူဇရပ်ကားလမ်းတွင် ဇွန် ၂၆ ရက်ည ၈ နာရီခွဲခန့်က မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည်တစ်ချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် သံဃာတော် နှစ်ပါးအပါအဝင် ခရီးသည် ၄၉ ဦး လိုက်ပါလာကြောင်း မုဒုံမြိုနယ်မှ ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“ဝါယာရှော့ဖြစ်တာ အဲမှာ မီးတွေ အကုန်ပိတ်ကုန်တာ အထဲမီးရော၊ အရှေ့မီးရော အကုန်ပိတ်ကျကုန်‌တဲ့အချိန် လမ်းဘေးကို ကားက ထိုးဆင်းသွားတာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်-ထားဝယ်-ကော့သောင်းကို ပြေးဆွဲနေသော ရွှေလင်းလက် ခရီးသည်တင် မှန်လုံယာဉ်ဖြစ်ကြောင်း သိရသည်။

အသက်ရှုကြပ်နေသည့် လူနာတစ်ဦးကို ချက်ချင်းကယ်ဆယ်ရေးလုပ်ပေးခဲ့ပြီး အမျိုးသား လူနာနှစ်ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ပရဟိတ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် ယာဉ်တိမ်းမှောက်မှုတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသမှုများ ပေးခဲ့ပြီး သေဆုံးသူ မရှိခဲ့‌ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts