spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကောလိပ်စတင်ဖွင့်လှစ် ကျောင်းသားများအားကြိုဆိုပွဲကျင်းပ

    မွန်အမျိုးသားကောလိပ်စတင်ဖွင့်လှစ် ကျောင်းသားများအားကြိုဆိုပွဲကျင်းပ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၅)

    မွန်အမျိုးသားကောလိပ် ကျောင်းစတင်ဖွင့်လှစ်ပွဲနှင့် ကျောင်းသားများအား ကြိုဆိုပွဲအခမ်းအနားကို မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုဌာနချုပ်ရှိ မွန်အမျိုးသားပညာရေးဌာန ညီစားစခန်းတွင် ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။

    အဆိုပါအခမ်းနားသို့ မွန်ပြည်သစ်ပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့ (နာဲဇဲယျ) ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ မွန်အမျိုးသားပညာရေးဌာန တာဝန်ခံ မိသာဍာ၊ ကောလိပ်ကျောင်းတွင် သင်ကြားမည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

    မွန်အမျိုးသားပညာရေးဌာန လက်အောက်တွင် အခြေခံပညာအဆင့်မှ အထက်တန်းလွန် (Post Ten) အထိဖွင့်လှစ်ခဲ့ရာမှ ယခုနှစ်တွင် တိုးမြင့်ဖွင့်လှစ်လာသည့် မွန်အမျိုးသားကောလိပ်တွင် ဒုတိယနှစ် Pop Htaw ကျောင်းသား ၁၂၀ ဦးနှင့် ပထမနှစ်ကျောင်းသားသစ် ၁၄၀ ဦးတို့ တက်ရောက်သင်ကြားသွားမည်ဖြစ်သည်။

    တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူအများစုသည် ရေးတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသမှ ဖြစ်ကြပြီး ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းကာလတွင် အကြောင်းအမျိုးမျိုးကြောင့် အစိုးရတက္ကသိုလ်ကျောင်းများမှ ရပ်နားထားကြသည့် ကျောင်းသားများ ပါဝင်ကြောင်း သိရသည်။

    ယခုဖွင့်လှစ်သည့် မွန်အမျိုးသားပညာရေးကောလိပ်တွင် ၃ နှစ်တိတိ ပညာသွားကြမည်ဖြစ်ပြီး ကျောင်းပြီးပါက မွန်အမျိုးသားရေးဌာန  လုပ်ငန်းခွင်များတွင် ၂ နှစ်ခန့် အလုပ်သင်တာဝန် ထမ်းဆောင်သွားရမည် ဖြစ်ကြောင်း MNEC တာဝန်ရှိသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks