Friday, March 13, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ် အဘစ်ကျေးရွာတွင် ဆီဘောက်ဆာတွဲကား တိမ်းမှောက် မီးလောင်မှုကြောင့် တစ်ဦးသေဆုံး

    မုဒုံမြို့နယ် အဘစ်ကျေးရွာတွင် ဆီဘောက်ဆာတွဲကား တိမ်းမှောက် မီးလောင်မှုကြောင့် တစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၂)

    မွန်ပြည်နယ်၊ မုဒုံ-မော်လမြိုင်သွားကားလမ်း၊ မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးတွင် ဆီဘောက်ဆာတွဲကားတစ်စီး တိမ်းမှောက်ကာ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါသူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ယနေ့ (ဇွန်လ ၂၂ရက်) နေ့လည် ၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဘောက်ဆာတွဲကား တိမ်းမှောက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

    တွဲကားမှာ အဘစ်‌ကျေးရွာအနီးဝင်းဖနုံဆည်တံတားအလွန်လမ်းကွေ့နေရာ၌ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ဆီဘောက်ဆာတွဲကား တိမ်းမှောက်ကာ မီးလောင်သည့်နေရာကို မိနစ် ၃၀ ကျော်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

    “ကျွန်တော်တို့ရောက်တော့လည်း အားလုံးဝိုင်းပြီး မီးငြိမ်းကြတာပေါ့။ ကားပေါ်မှာပါလာတဲ့ တစ်ယောက်ကတော့ မီးလောင်ဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ရတယ်”ဟု ၎င်းက ပြောသည်။

    မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် ဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

    အဆိုပါ ဆီဘောက်ဆာတွဲကား တိမ်းမှောက် မီးလောင်မှုနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks