spot_img
Friday, February 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလုံခြုံရေးကြောင့် ကယ်ဆယ်ရေးအဖွဲ့များ ညဘက်လူနာပို့ဆောင်ခြင်း ရပ်နား

    လုံခြုံရေးကြောင့် ကယ်ဆယ်ရေးအဖွဲ့များ ညဘက်လူနာပို့ဆောင်ခြင်း ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၀)

    မွန်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့များ ညဘက် လူနာပို့ဆောင်ခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း ပြည်နယ်တွင်း ကယ်ဆယ်ရေးအသင်းဝင်များက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စစ်တောင်းမြို့အတွင်း လူ‌နာပို့ဆောင်ပြီး ပြန်လာသည့် နာရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်အပစ်ခံရပြီး အသင်းသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

    အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ညဘက်လူနာပို့ဆောင်သည့် အသင်းများအားလုံး ညနေ ၅ နာရီ နောက်ပိုင်း နယ်ဝေးလူနာပို့ဆောင်ခြင်း လုပ်ငန်းကို ရပ်နားလိုက်ကြောင်း မော်လမြိုင်မြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “နယ်ဝေးပို့တာတွေ ရပ်ထားတယ်ဗျ။ အခု နယ်ဝေး ညနေ ၅ နာရီနောက်ပိုင်းဆို ရန်ကုန်လမ်းကြောင်းတွေ အကုန်လုံးကို ရပ်ထားတယ်လေ”ဟု ၎င်းက ပြောသည်။

    မြို့နယ်အတွင်း၌လည်း ည ၁၂ နာရီနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာ ကူညီ ပို့ဆောင်ခြင်းများကို ရပ်နားထားကြောင်း ၎င်းက ဆက်ပြောသည်။

    ညဘက် နယ်ဝေးလူနာ ကူညီပို့ဆောင်ခြင်းလုပ်ငန်းများ ရပ်နားလိုက်သောကြောင့် နယ်ဝေး(ရန်ကုန်) လူနာပို့ဆောင်ရန် လိုအပ်နေသူများအတွက် အခက်အခဲဖြစ်သွားကြောင်း မော်လမြိုင်မြို့နယ်မှ ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “တကယ်ကို ဟိုက်ဝေး ပို့ဖို့လိုအပ်နေတဲ့ လူနာအတွက်တော့ အခက်အခဲရှိသွားတယ်ပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့အတွက်လည်း သွားရလာရတာလည်း ည‌မှောင်ပိုင်းဆို ဟိုက်ဝေး လူနာပို့ဖို့ဆိုတာ တကယ်ကို အခက်အခဲရှိလာတဲ့ အနေအထားဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့များအားလုံး နယ်ဝေး လူနာပို့ဆောင်ခြင်းလုပ်ငန်းများကို မဖြစ်မနေ ရပ်ထားရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် လိုအပ်သည့်အချိန်တိုင်း ဆက်သွယ်အကူညီတောင်းနိုင်ပြီး နယ်ဝေးလူနာများကို ညဘက်ပို့ဆောင်သည့်လမ်းကြောင်းကိုသာ ရပ်နားထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks