spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသား(အထက)ကျောင်းများ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်တက်လာ

    မွန်အမျိုးသား(အထက)ကျောင်းများ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်တက်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၇)

    မွန်အမျိုးသားပညာရေးဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုထားသည့် အထက်တန်းကျောင်း ၃ ကျောင်းလုံး အောင်ချက် မြင့်တက်လာကြောင်း မွန်အမျိုးသားပညာရေးဌာန MNEC မှ သိရသည်။

    ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်အမျိုးသားပညာရေးဌာနမှ ၁၈၇ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၆၈ ဦးအောင်မြင်ခဲ့ကြောင်း မွန်အမျိုးသားပညာရေးကော်မတီဝင်မှ ဆရာထောနိုင်အိန်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ဒီနှစ်ကတော့ ကျောင်းတိုင်း အောင်ချက်ကောင်းတယ်၊ အရင်နှစ်တွေလို တစ်ယောက် နှစ်ယောက်မဟုတ်ဘဲ ခုလို ဆယ်ဂဏန်းနဲ့ အောင်လာတာတွေ့တော့လည်း ထပ်တူပီတိဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။

    ယခင် တက္ကသိုလ်ဝင်တန်း(၁၀တန်း) စာမေးပွဲအောင်စာရင်းအရ ၂၀၁၉ ခုနှစ်တွင် မွန်အမျိုးသားကျောင်းမှ ကျောင်းသား/သူ ၁၁၄ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၁ ဦးသာအောင်မြင်သဖြင့် အောင်ချက် ၉ ဒဿမ ၆၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် အောင်ချက် ၂၁ ရာခိုင်နှူန်း အသီးသီးရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

    ညီစား မွန်အမျိုးသားအထက်တန်းကျောင်းမှ ၇၃ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၃၁ ဦးအောင်မြင်ခဲ့ကြောင်း၊ အံဒင်အထက်တန်းကျောင်းမှ ၆၁ ဦးဖြေဆိုခဲ့ရာ ၁၄ ဦးအောင်မြင်ခဲ့ကြောင်း၊ အလားတူ ဝင်္ကဘာ အထက်တန်းကျောင်းမှ ၅၄ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၂၃ ဦးအောင်မြင်ခဲ့ကြောင်း မွန်အမျိုးသားအထက်တန်းကျောင်းများမှ ထုတ်ပြန်ထားသည်။

    ထို့အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရအခြေခံပညာကျောင်းများအနက် မွန်ပြည်နယ် အောင်ချက် ၅၇ ဒသမ ၂၁ % ဖြင့် ပထမရရှိခဲ့ပြီး ဧရာဝတီတိုင်းနှင့်် မန္တလေးတိုင်းတို့ ဒုတိယနှင့် တတိယနေရာရရှိထားကြောင်း သိရသည်။

    ယနေ့ (ဇွန်လ ၁၇ ရက်)တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး အနေဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    ယခု ပညာသင်နှစ်တွင် မွန်အမျိုးသားအထက်တန်းကျောင်းတွင် အစိုးရကျောင်းမှပြောင်းလာသည့်် ကျောင်းသားဦးရေ ရာနှင့်ချီပြီး များပြားလာခြင်းကြောင့် ကျောင်းဆောင်များ အသစ်တိုးချဲ့ဆောက်လုပ်ရကာ နေထိုင်စားသောက်ရေးအတွက် အခက်ခဲဖြစ်လာကြောင်း မွန်အမျိုးသားပညာရေးဌာနတာဝန်ရှိသူများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks