spot_img
Thursday, February 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်မရောမြို့နယ် အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

    ကျိုက်မရောမြို့နယ် အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၄)

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်း ယနေ့ (ဇွန် ၁၄ ရက်) နံနက် ၈ နာရီအချိန်ခန့်က တိုက်ခိုက်ခံရကြောင်း သိရသည်။

    ဂိတ်စခန်းတွင် ဆယ်မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

    “ဆယ်မိနစ်လောက်ထိကို ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်နေကြတာ။ ဂိတ်စခန်းကတော့ အထိခိုက်ရှိလိမ့်မယ်လို့ထင်တယ်။ သေချာတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။

    ပစ်ခတ်မှုပြီးနောက် ကရင်နယ်ခြားစောင့်တပ်မှ ကားနှစ်စီးဖြင့် စစ်ကူများ ရောက်ရှိလာခဲ့သည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ ရဲကင်းဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အတ္တရံတံတား (ချောင်းနှစ်ခွ) ကို ယာယီပိတ်ထားခဲ့ကြောင်း၊

    ထို့နောက် မနက် ၁၀နာရီ ဝန်းကျင်ခန့်တွင် တံတားကို ပြန်လည်ဖြတ်သန်းခွင့် ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လအတွင်းကလည်း အတ္တရံတံတား (ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်းတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊  ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ နံနက်ပိုင်းကလည်း ချောင်းနှစ်ခွတံတားအနီးရှိ ကင်းစခန်း ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks