Friday, March 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမုဒုံမြို့တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးနှစ်ခါပေါက်ကွဲ

    မုဒုံမြို့တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးနှစ်ခါပေါက်ကွဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၃)

    မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံး နှစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူးရုံးတွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နောက်ထပ် ၃ မိနစ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “အသံကတော့ သိပ်မကွာဘူး။ ပထမတစ်ကြိမ်ကြားပြီး နှစ်မိနစ်လောက်ပဲ နောက်ထပ်ပေါက်ကွဲတယ်။ ရုံးကတော့ ထိတယ်။ လူတော့ အထိအခိုက်မရှိဘူး”ဟု ၎င်းက ပြောသည်။

    ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များ ရောက်လာကာ အုပ်ချုပ်ရေးမှူးရုံး ပတ်ဝန်းကျင်၌ လုံခြုံရေး တင်းကြပ်လိုက်ကြောင်း သိရသည်။

    အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး Mundo Danger Fighter အဖွဲ့ နှင့် မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

    အဖွဲ့နှစ်ဖွဲ့၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး အဝေးထိန်း စနစ်ဖြင့် မိုင်းနှစ်လုံးကို ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    လက်ရှိတွင် မုဒုံမြို့နယ်အတွင်း လုံခြုံးရေးတင်းကြပ်ထားပြီး ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks