spot_img
Thursday, February 19, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအပြီးတိုင်‌ချေမှုန်းရေးမှာ ပြဿနာကို ဖြေရှင်းရေးနည်းလမ်းမဟုတ်ဟု ABSDF ပြော

    အပြီးတိုင်‌ချေမှုန်းရေးမှာ ပြဿနာကို ဖြေရှင်းရေးနည်းလမ်းမဟုတ်ဟု ABSDF ပြော

    -

    မွန်သတင်းအေ‌ဂျင်စီ (၂၀၂၂ ဇွန် ၁၃)

    လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရာတွင် အပြီးတိုင်ချေမှုန်းရေးမှာ ပြဿနာကို ဖြေရှင်းရေးနည်းလမ်း မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

    နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်တွင် တစ်ဘက်နှင့် တစ်ဘက် အနိုင်မရသည့်အတွက် စားပွဲဝိုင်းပေါ်ရောက်ခဲ့ကြကြောင်း ၎င်းက ပြောသည်။

    “နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်အတွေ့အကြုံကို ကြည့်ပါ။ ဘယ်ဖက်၊ ဘယ်ဖက်ကမှ မနိုင်ခဲ့လို့ နောက်ဆုံး စားပွဲဝိုင်းပေါ်ရောက်ခဲ့ကြတာလေ။ အပြီးတိုင်ချေမှုန်းတယ်ဆိုတာက ဒါက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းတော့ မဟုတ်ဘူးလို့ ထင်တာပဲ။ အဲဒီတော့ အကောင်းဆုံး နည်းလမ်းကို အားလုံးဝိုင်းပြီး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရမယ်လို့ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်လို့” ဟု ၎င်းက ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာယူပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် ဒေသကာကွယ်ရေးတပ် (PDF) များမှာလည်း အပြုတ်တိုက်ရေးကို ဦးတည်နေပြီး တိုက်ပွဲဝင်လျက်ရှိသည်။

    နစက ကောင်စီဥက္ကဋ္ဌမှ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးလျက်ရှိပြီး NUG-PDF တို့နှင့်ဆွေးနွေးမည်မဟုတ်ကြောင်း နစကမှ ပြောကြားထားသည်။

    သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ NCA-S EAO ၁၀ ဖွဲ့အနက် ၇ ဖွဲ့တို့က  နစက ကောင်စီဥက္ကဋ္ဌ၏ ဘိတ်ခေါ်မှုကိုသဘောတူခဲ့ပြီး KNU, CNF နှင့် ABSDF တို့က လက်မခံခဲ့ပေ။  

    လက်ရှိ တိုင်းပြည်မှာ ကျရှုံးနိုင်ငံအဖြစ် ရောက်ရှိနေကြောင်း၊ တစ်တိုင်းပြည်လုံး ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခမျိုးစုံခံစားနေရကြောင်း ရဲဘော်ဆန်နီက ပြောသည်။

    “အခုချိန်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ ကိစ္စရပ်ဖြစ်နေပေမဲ့ ဒီကနေ့ လူထုကိုယ်တိုင်က လက်နက်ဆွဲကိုပြီးတော့မှ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက် သူ့အခြေအနေကို ကာကွယ်ပြီး အလုပ်လုပ်တဲ့ အနေအထားမှာ တစ်တိုင်းပြည်လုံးက ပါဝင်လာတဲ့ လက်နက်ကိုင် တိုက်ပွဲက ပိုပြီးတော့ ကြီးမားလာတယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာတယ် အဲဒီအခြေခံက ပိုပြီးတော့ ကျနော်ထင်တယ်၊ စစ်ကောင်စီအတွက်ရော၊ ဒီနေ့ရှိနေတဲ့ တပ်အတွက်ရော အလွန်ကို အကျပ်အတည်းတွေ့စေတာပါ။ အဲဒီတော့ ကျ‌နော်တို့က အကောင်းဆုံးနည်းလမ်းကို အားလုံးက ရွေးချယ်ပြီးတော့ ဖြေရှင်းဖို့ တိုက်တွန်းချင်တယ်၊ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ တိုင်းပြည်ဟာ ချောက်ထဲကနေပြီးတော့ ဟိုအဝီစိရောက်သွားမယ်လို့ ထင်တာပဲ။ အဓိကပြောချင်တာက လုံးဝ ကျရှုံးနိုင်ငံအဆင့်ကိုတော့ ရောက်သွားပြီးတော့ တိုင်းပြည်အစိတ်စိတ်၊ အမွာမွာနဲ့ ပုံစံမျိုးစုံနဲ့ ရင်ဆိုင်ရမယ်၊ ဒီနေ့လည်း စီးပွားရေးအကျပ်အတည်း လူမှုရေးအကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း စစ်ရေးအကျပ်အတည်း အကုန်လုံးနဲ့ ရင်ဆိုင်နေရတဲ့ ကာလ၊ နောက် ကိုဗစ်ကပ်ရောဂါကိစ္စနဲ့ ဆိုတော့ အားလုံးကတော့ တစ်တိုင်းပြည်လုံးကတော့ ဘေးအန္တရာယ်ရော၊ ဆင်းရဲ ဒုက္ခရော အားလုံး ခံစားနေရတဲ့ အခြေအနေဖြစ်နေတာပေါ့” ဟု ရဲဘော်ဆန်နီက ပြောသည်။

    ထို့အတူ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရာတွင် အားလုံးပါဝင်နိုင်ရေး အခြေခံလိုအပ်ချက်ကို အားလုံးက အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

    “ဒီပြဿနာဖြေရှင်းဖို့အတွက် တစ်ဖွဲ့မှချန်ထားခဲ့လို့ မဖြစ်ဘူး။ ချန်ထားခဲ့ရင်း ကျန်ခဲ့ရင်းဟာ ငြိမ်းချမ်းမှုအတွက် အနှုတ်ပဲဖြစ်တယ်ဆိုတာမျိုး SAC ဘက်ကလည်း လက်ခံရမယ်။ ဟိုဘက်ကလည်း လက်ခံရမယ်” ဟု ၄င်းက ပြောသည်။

    လက်ရှိတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ပွဲ ၄၆၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ISP – Myanmar ၏ အစီရင်ခံစာက ဖော်ပြသည်။

    ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ (ABSDF)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks