spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

    မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဇွန်လ ၉)

    မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

    သေဆုံးသူမှာ မော်လမြိုင်မြို့မှ ဦးမျိုးမင်းထွဋ်ဖြစ်ပြီး WHO တွင် ငါးနှစ်နီးပါး ကားဒရိုက်ဘာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ရုံးဆင်းချိန် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်စဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WHO ဝန်ထမ်းတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ ရုံးဆင်းတော့ သူပြန်သွားတာ။ နောက်ပြီး ညနေကြတော့ သူ့သတင်း ကြားတော့တာပဲ။ သေနတ်နဲ့အပစ်ခံရတယ်ဆိုလို့ ကျွန်တော်တို့သွားတာ။ရောက်တော့ အသက်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

    ဦးမျိုးမင်းထွဋ်သည် စစ်တပ်သတင်းပေးလုပ်သည့်အပြင် သက်ငယ်မုဒိမ်းကျူးလွန်ကာ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် မော်လမြိုင် PDF က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ပါအချက်များကို သီးခြားအတည်မပြုနိုင်သေးပေ။

    အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် သံလွင်ဥယာဥ်အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူအချို့ရှိကြောင်း ဒေသခံများက ဆိုသည်။

    ဦးမျိုးမင်းထွဋ်သည် မော်လမြိုင်မြို့ တောင်ပေါ်တန်းအဆင်း သံလွင်ဥယျာဥ် အနောက်ဘက် လမ်းကြားတွင် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးခြင်းမှာ မှန်ကန်ကြောင်းနှင့် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း WHO က ထုတ်ပြန်ထားသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks