spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစကဥက္ကဌအား မွန်လူမျိုးရေးရာကိစ္စရပ်များ တောင်းဆိုခဲ့သည့်အပြင် နိုင်ငံရေးပဋိပက္ခများဖြေရှင်းရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီအကြံပြုဆွေးနွေးခဲ့ဟုဆို

    နစကဥက္ကဌအား မွန်လူမျိုးရေးရာကိစ္စရပ်များ တောင်းဆိုခဲ့သည့်အပြင် နိုင်ငံရေးပဋိပက္ခများဖြေရှင်းရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီအကြံပြုဆွေးနွေးခဲ့ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၄)

    နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းတို့ ယမန်နေ့(မေ ၂၃) တွေ့ဆုံပွဲတွင် မွန်လူမျိုးရေးရာကိစ္စရပ်များကို တောင်းဆိုခဲ့သည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများဖြေရှင်းရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ပြုသင့်ကြောင်း မွန်ပြည်သစ်ပါတီဘက်က အကြံပြုဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    မွန်အမျိုးသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရေလက်ရှိသုဓမ္မာဂိုဏ်းမှ မွန်သံဃာတော်များအား ရာမညနိကာယဂိုဏ်းအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ တရားဝင်အသိအမှတ်ပြုပေးရေး တိုက်တွန်းပေးရန်နှင့် အစိုးရစာသင်ကျောင်းများအတွင်း မွန်စာပေသင်ကြားနိုင်ရေးကိစ္စရပ်များ ပါဝင်ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိလ် နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီကို ပြောသည်။


    “အထူးသဖြင့် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ မွန်လူမျိုးအများစုက ဆန္ဒရှိနေတော့ ရုံးပိတ်ရက်နဲ့ပတ်သက်ပြီး နားလည်ပေးဖို့ရယ်၊ မွန်စာသင်ကျောင်းကိစ္စကလည်း မွန်လူမျိုးတွေ မျှော်လင့်နေကြတယ်၊ ဒါကလည်းအရေးကြီးတယ် ဒါကိုလည်းကျွန်တော်တို့ အထူးတလည်တောင်းဆိုနေတာတော့မဟုတ်ဘူး ဖဆပလ ခေတ်ကတည်းက ခွင့်ပြုပေးထားပြီးတဲ့ကိစ္စတွေကို ပြန်လည်အကောင်အထည်ဖော်ပေးရင် ကောင်းတာပေါ့လို့ တင်ပြထားပါတယ်”ဟု နိုင်အောင်မငေးက ဆိုသည်။


    အဆိုပါမွန်ပြည်သစ်ပါတီ၏ တင်ပြထားချက်များကို အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အလုပ်အဖွဲ့တို့ ယနေ့တွင် ဆက်လက်ဆွေးနွေးကြမည်ဟု သိရသည်။


    ထို့ပြင် နိုင်ငံရေးပဋိပက္ခများဖြေရှင်းသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်အောင်မငေးက “ငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက် ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ထားဖို့သင့်ပါတယ်၊ ပထမအဆင့်မှာဆိုရင် ပါဝင်တက်ရောက်လာတဲ့ EAOs တွေအချင်းချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ ဒုတိယအဆင့်မှာ နိုင်ငံရေးပါတီအားလုံး EAOs တွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ နောက်တဆင့် ပြည်တွင်းပဋိပက္ခဖြေရှင်းတဲ့နေရာမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ပြုပေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျနော်တို့ အကြံပြုတင်ပြခဲ့ပါတယ်” ဟု ပြောသည်။

    အထက်ပါအကြံပြုချက်များကို လက်ခံပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဥ်ရှိကြောင်းပြောဆိုခဲ့သည်ဟု နိုင်အောင်မငေးက ဆိုသည်။

    မွန်ပြည်သစ်ပါတီနှင့် အစိုးရအကြား အနာဂတ်လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက်အလုပ်အဖွဲ့များ ယနေ့တွင်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်၍ ယခုဆွေးနွေးပွဲတက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အချင်းချင်းတွေ့ဆုံသွားရန်၊ နိုင်ငံရေးပါတီအားလုံးဆွေးနွေးပြီးသည့်အချိန်ကျမှ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် ယခုငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့လုံး မပါဝင်သလို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့မပါဝင်သောကြောင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် ဆွေးနွေးပွဲမတက်ရောက်ရန် ဆုံးဖြတ် ခဲ့ကြောင်း TNLA ဥက္ကဋ္ဌ (၁)  ဗိုလ်ချုပ်တားဂျုတ်ဂျားက သတင်းမီဒီယာအချို့ကို ပြောကြားသည်။

    နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP) ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) တို့ တစ်ဖွဲ့ချင်းအလိုက် တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks