spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအခြေခံကျောင်းများ ပြန်ဖွင့်လျှင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

    အခြေခံကျောင်းများ ပြန်ဖွင့်လျှင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေလ ၁၉)
    လာမည့် ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
    မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ၁၀၀ရာခိုင်နှုန်းထိုးနှံပြီးစီးကြောင်း ကြေညာထားပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဥ်အတွက် အကြောင်းကြားလာခြင်းမရှိသေးကြောင်း မွန်ပြည်နယ်ရှိ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    “ကျွန်တော်တို့ဆီကို ပေးမယ်၊မပေးဘူး ဘာမှ မသိရသေးပါဘူး။ ပေးဖြစ်ဖို့တော့များပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ကျောင်းဖွင့်ရင် အရင်ကထက် ကျောင်းသားပိုများမယ် မှန်းကြတယ်လေ။ ကလေးတွေက အကုန်မထိုးရသေးတော့ ပေးဦးမယ်ထင်တယ်။ ဘယ်လောက်ပေးမယ်။ဘယ်တော့ပေးမယ် ဆိုတာ မသိရသေးဘူး”ဟု ပြောသည်။
    တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း လှူဒါန်းလိုက်ပြီး အဆိုပါ ကာကွယ်ဆေးများကို ယခုနှစ်ကျောင်းဖွင့်ချိန်တွင် အခြေခံပညာကျောင်းသားကျောင်းသူများအား ထိုးနှံပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
    အဆိုပါ လှူဒါန်းမှုတွင် ဆေးထိုးအပ် ၁၃ သန်းပါဝင်ပြီး မေ ၁၈ ရက်နေ့က ပထမအသုတ်အဖြစ် ကာကွယ်ဆေး ၅ သန်းနှင့် ကာကွယ်ဆေးထိုးအပ် ၂ သန်း ရောက်ရှိခဲ့သည်။
    ကျန်ရှိသည့် ဆေးထိုးအပ်နှင့် ကာကွယ်ဆေးများကို မေလအတွင်း ၃ သုတ်ခွဲက ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
    မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆၁၃,၁၈၂ ယောက်ရှိပြီး သေဆုံးသူပေါင်း ၁၉,၄၃၄ ယောက်ရှိကြောင်း MOHS တွင် တရားဝင်ဖော်ပြထားသည်။
    ဒါ့အပြင် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် ၃၁ သန်းကျော် ရှိခဲ့ပြီး မွန်ပြည်နယ်ရှိ ကျောင်းများတွင် အသက် ၁၂ နှစ် နှင့် ၁၈ ကြား ၂၅၈၁၄ ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks