spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

    မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၆)


    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

    ထောင်ဒဏ်အမိန့်ကို ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်းက အထူးတရားရုံးတွင် မေလ ၁၆ ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

    ဒေါက်တာအေးဇံကို အဂတိမှု အမှတ်စဉ် ၁ မှ ၆ အထိကို တစ်မှုလျင် ထောင်ဒဏ် ၂ နှစ် နှစ်နှုန်းဖြင့် ၁၂ နှစ် အပြင် အမှု အမှတ်စဉ် ၇ မှ ၉အထိ တစ်မှုကို ထောင်ဒဏ် ၃ နှစ်နှုန်း ဖြင့် ၉ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ဝန်ကြီးချုပ် တာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ စီးပွားရေးလုပ်ငန်းရှင်များထံက ဒေါက်တာအေးဇံ ငွေကြေးရယူခဲ့သည့်ဆိုသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် နစက ကောင်စီ အမှု ၉ မှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပြီး ယခု ချမှတ်ခဲ့သည့် အမိန့်ဖြင့် ပေါင်းလိုက်ပါက ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။

    လက်ရှိတွင်လည်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ အတွင်း မလျော် သြဇာသုံးခဲ့သည်ဟူသော စွဲချက်ဖြင့် အမှု ၃ မှု ဖွင့်ထားပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည်။

    Photo-ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ( Aye Zan)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks