spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကဗျာကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် လဝကအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    ရေးမြို့နယ် ကဗျာကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် လဝကအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၄)

    ရေးမြို့နယ်တောင်ပိုင်း ကဗျာကြီးကျေးရွာ အုပ်ချုပ်ရေးနှင့် လဝကအရာရှိတစ်ဦးကို ရေးဘီးလူးအဖွဲ့က မေလ ၁၃ ရက် ညနေ ၆ နာရီခွဲအချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

    ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စံအေး (ခေါ်) ထားဝယ်နှင့် လဝကဦးစီးဆိုသူတို့ အိမ်ထဲတွင် ဘီယာသောက်နေစဥ် လူငယ်နှစ်ဦးဆိုင်ကယ်နှင့်လာရောက်ပစ်ခတ်သွားဖြင်းဖြစ်ကြောင်း ကဗျာကြီးကျေးရွာ ရွာသားတစ်ဦးက ဆိုသည်။

    အဆိုပါ ရွာသားက“ဥက္ကဌအိမ်ဘက်မှာ ညနေပိုင်းက သေနတ်သံကြားတယ်  ဥက္ကဌနဲ့ ဦးစီးလို့ခေါ်နေကြတဲ့ လဝကရုံးက တစ်ယောက် ပစ်သတ်ခံရတယ်။ ဆံပင်ရှည်ရှည်နဲ့ လူငယ်နှစ်ယောက် ဆိုင်ကယ်စီးလာပြီး သေနတ်ပစ်လိုက်တယ်၊ အဲဒီသေနတ်ကိုင်တဲ့ လူငယ်တွေ အိမ်ထဲကနေအထွက်မှာ လူထုကိုဒုက္ခပေးတဲ့ ဥက္ကဌတစ်ယောက်တော့ ရှင်းသွားပြီလို့ ဗမာလိုအော်ပြောသွားတယ်” ဟု ပြောသည်။

    ကဗျာကြီးကျေးရွာဥက္ကဌကို ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် ခေါဇာမြို့ ထွေအုပ်ဦးစီးအရာရှိတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

    ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူသည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၄င်းအသုံးပြုနေသည့် HK 33 အော်တိုမက်တစ် သေနတ်တစ်လက်ကိုလည်း အဆိုပါ ရေးဘီလူးအဖွဲ့က သိမ်းဆည်းခဲ့ကြောင်း အဆိုပါရုပ်သံဖိုင်တွင် ပြောကြာခဲ့သည်။

    ထားဝယ်လူမျိုးဖြစ်သည့် အုပ်ချုပ်ရေးမှူး ဦးမောင်စံအေးသည် ကဗျာကြီးကျေးရွာသူ မွန်အမျိုးသမီးတစ်ဦးနှင့်အကြောင်းပါ၍ ကျေးရွာ ဥက္ကဌအဖြစ် တာဝန်ယူလာခဲ့သည်မှာ ၇ နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    ထို့အတူ သေနတ် ပစ်သတ်ခံသေဆုံးသွားသည့် လဝကဝန်ထမ်းဆိုသူသည် ရေးမြို့မှ ခေါဇာမြို့သို့အပြန် ကဗျာကြီးကျေးရွာသို့ မှတ်ပုံတင်ကိစ္စဖြင့် ကျေးရွာဥက္ကဌသို့ ခေတ္တရောက်ရှိလာစဥ် ကံမကောင်းအကြောင်းမလှသဖြင့် ယင်းလုပ်ကြံမှုတွင် အဆစ်ပါ၍ သေဆုံးခဲ့ရသည်ဟု တခြားရွာသားတစ်ဦးက ဆိုသည်။

    ပစ်ခတ်မှုအပြီး ကဗျာကြီးကျေးရွာသို့ စစ်တပ်လုံခြုရေးတပ်ဖွဲ့ဝင် ၂၀ ခန့်ရောက်ရှိလာပြီး ကျေးရွာအဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးကာလမှစ၍ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအကြီးအကဲ အုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းမှတ်တမ်းမျာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks