Tuesday, March 31, 2026
More
    spot_img
    Homeသတင်းဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်သည့် သံဃာတော်များအား ဂုဏ်ပြုပွဲကျင်းပ

    ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်သည့် သံဃာတော်များအား ဂုဏ်ပြုပွဲကျင်းပ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၄)

    မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေမှာ ယနေ့ (မေ ၁၄ ရက်) နံနက်ပိုင်းက ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်သည့် သံဃာတော်များအား ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တဲ့ သံဃာတော် ၂၃၂ ပါးကို စူဠဘွဲ့နှင်းသဘင်အခမ်းအနား ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် အစိုးရဓမ္မာစရိယ သုံးကျမ်းအောင်(ကျမ်းပြီး) ၁၂ ပါး၊ ၂ ကျမ်းအောင် ၈ ပါး၊ ၁ ကျမ်းအောင် ၆ ပါး၊ ပထမကြီးတန်းအောင် ၁၆ ပါး၊ ပထမလတ်တန်းအောင် ၂၁ ပါး၊ ပထမငယ်တန်းအောင် ၅၅ ပါး၊ အခြေပြုမူလတန်းအောင် ၁၁၄ ပါးရှိကြောင်း သိရသည်။

    ယင်း အခမ်းအနားတွင် ကိုရင်လေးဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မထံမှ ငါးပါးသီလခံယူခြင်း၊ မြို့နယ်သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တပညာဇောတ (ရေးမြို့မရမ်းကျောင်းတိုက်ဆရာတော်)ထံမှ ဩဝါဒကထာနာကြားပြီး အောင်မြင်သည့် သံဃာတော်များအား ဆုတံဆိပ်ချီးမြှင့်ခြင်းနှင့် ကိုရင်လေးဆရာတော်ထံမှ ရေစက်ချခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

    ပြီးခဲ့သည့် မေလ (၇) ရက်နေ့က အခြေပြုမူလ၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများ၊ မြန်မာစာဂုဏ်ထူးတန်းနှင့် ပါဠိဂုဏ်ထူးတန်းတို့တွင် အစိုးရပါဠိပထပပြန်စာမေးပွဲကို ကိုရင်လေးဆရာတော် သာသနာနယ်မြေတွင် စာဖြေသံဃာတော် စုစုပေါင်း (၉၀၅) ပါး လာရောက်ဖြေဆိုထားကြောင်း သိရသည်။

    အလားတူ မေလ ၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ အစိုးရဓမ္မာစရိယတန်းများကို သံဃာတော်များနှင့် သီလရှင်များ ၁၃၂ ပါး လာရောက်ဖြေဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks