Tuesday, March 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ကို စွဲဆိုထားသော အဂတိမှု ၉ မှု မေလ ၁၆ ရက် အမိန့်ချမည်

    မွန်ပြည်နယ်ဝန်ကြီးချုပ်ကို စွဲဆိုထားသော အဂတိမှု ၉ မှု မေလ ၁၆ ရက် အမိန့်ချမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၄)

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထား‌သော အဂတိမှု ၉ မှုအတွက် လာမည့် မေလ ၁၆ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။

    နစက ကောင်စီက ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များထံကငွေကြေး ရယူခဲ့သည်ဟု‌သော စွပ်စွဲချက်များဖြင့် အဂတိလိုက်စား တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နှင့် အမှု ၉ မှု ဖွင့်လှစ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့တဲ့ မေလ ၁၃ ရက် ရုံးချိန်းတွင် အဂတိမှုအတွက် နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ကြောင်း၊ နှစ်ဖက်လျှောက်လဲချက် ပြီးနောက်တွင် အဂတိမှု ၉ မှုအတွက် လာမည့် မေလ ၁၆ ရက်၌ အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

    ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ကျိုက်မရော ဗဟိုအကျဉ်းထောင် အထူးတရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ဒေါက်တာအေးဇံကို ရွေးကောက်ပွဲအတွင်း မလျှော်ဩဇာသုံးမှုအတွက် တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

    ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက နိုင်ငံဝန်ထမ်းများကို CDM တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့သည်ဟုသော စွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ)နှင့် စွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks