spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်မှာ နေလှန်းဆားပိတ်သိမ်းချိန် ဆားစျေးတက်လာ

    မွန်မှာ နေလှန်းဆားပိတ်သိမ်းချိန် ဆားစျေးတက်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၂)

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ မိုးဆက်တိုက်ရွာနေပြီး နေလှန်းဆားပိတ်သိမ်းချိန် ဆားမထွက်တော့သဖြင့် ပေါက်စျေး ၁ ပိဿာကို ၃၃၀ ကျပ်အထိ စျေးတက်လာကြောင်း ဆားလုပ်ငန်းရှင် နိုင်ဘရှိန်းက ပြောသည်။

    “မိုးရွာတော့ ကျွန်တော်တို့ ဆားလုပ်ငန်းတွေပျက်စီးတော့ နေလှန်း ဆားထွက်နှုန်းလျှော့ကျလာတယ် အဲဒါကြောင့် ဒီနှစ်ဆားစျေးနှုန်းကတော့ ခါတိုင်းနှစ်ထက် စျေးပိုရတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က နေလှန်းဆားတစ်ပိဿကို ၁၂၀ ကျပ်သာရှိပြီး ယခုနှစ်တွင် ဆားကြမ်း တစ်ပိဿာကို ၂၃၀ ကျပ်၊ ဆားအချော တစ်ပိဿာကို ၃၃၀ ကျပ်အထိ စျေးတတ်လာကြောင်း သိရသည်။

    ယခုနှစ်မှာတော့ နေလှန်းဆားထွက်နှုန်း ၄၅% သာရရှိပြီး ယခင်နှစ်က နေလှန်းဆားထွက်နှုန်း ၈၀% နှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

    ပငကျေးရွာမှထွက်ရှိသည့် နေလှန်းဆားများကို မော်လမြိုင်မြို့၊ ထားဝယ်မြို့၊ မြိတ်၊ အင်းဝ၊ ပဲခူးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့ ပို့ဆောင်နေကြောင်း သိရသည်။

    မိုးရွာသွန်းခဲ့သည့်အတွက် နေလှန်းဆားကွင်းများ ပျက်စီးမှုကြောင့် မေလ ၁ ရက်နေ့မှ စတင်ပြီး ဆားလုပ်ငန်းရပ်ထားကြောင်း ဆားတောင်သူများထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွန်ပြည်နယ်အတွင်းအချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သောကြောင့် နေလှန်းဆားကွင်းများ ပျက်စီးခဲ့ပြီး နေလှန်းဆား ပိဿာချိန် ခြောက်သောင်း‌ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ‌ဆားတောင်သူ တစ်ဦးက ပြောသည်။

    နေလှန်းဆားကို သံဖြူဇရပ်မြို့နယ်အပြင် ရေးနှင့် ပေါင်မြို့နယ်တို့တွင်လည်း အဓိက ထုတ်လုပ် လုပ်ကိုင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks