spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလ ကျိုက်ထီးရိုးဘုရားသို့ ခရီးသွားဝင်ရောက်မှု ၄ သောင်းကျော်ရှိ

    သင်္ကြန်ကာလ ကျိုက်ထီးရိုးဘုရားသို့ ခရီးသွားဝင်ရောက်မှု ၄ သောင်းကျော်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၇)

    သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ဧပြီ ၉ ရက် မှ ၁၇ရက်အတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၄၄၉၅၆ ဦး ဝင်ရောက်ခဲ့ကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ထံမှ သိရသည်။

    ပြည်တွင်းပြည်ပ ခရီးသွား  ၄၄၉၅၆ ဦး အနက် ၁၇၁ ဦးမှာ နိုင်ငံခြားခရီးသွားများ ဖြစ်ကြောင်း၊ တစ်ရက်တွင် ခရီးသွား ငါးထောင်ခန့် ဝင်ရောက်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

    “လက်ရှိ အနေအထားမှာတော့ အခု ဒီနေ့ဆိုရင် ၂၇ရက်နေ့ ရောက်လာပြီ။ သင်္ကြန်ပြီးနောက်ပိုင်းမှာ နည်းနည်း နည်းသွားတယ်။ တစ်နေ့ကို ပျမ်းမျှ ၂၀၀၀ ဝန်းကျင်လောက်ပဲ လာတော့မယ်”ဟု ၎င်းက ပြောသည်။

    သင်္ကြန်ပြီးနောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ခရီးသွား တစ်ရက်ကို ၂၀၀၀ ခန့်သာ ဝင်ရောက်မှု ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ဧပြီ ၉ ရက်က ပြည်တွင်းဘုရားဖူး ၄၈၁၅ ဦးနှင့် နိုင်ငံခြားသား ၆ ဦး၊ ဧပြီ ၁၀ ရက်က ပြည်တွင်း ဘုရားဖူး ၅၃၇၅ ဦးနှင့် နိုင်ငံခြားသား ၁၂ ဦး၊ ဧပြီ ၁၁ ရက်က ပြည်တွင်းဘုရားဖူး ၄၂၁၁ ဦးနှင့် နိုင်ငံခြားသား ၂၉ ဦး၊ ဧပြီ ၁၂ ရက်က ပြည်တွင်းဘုရားဖူး ၄၉၆၆ ဦးနှင့် နိုင်ငံခြားသား ၂၉ဦး၊ ဧပြီ ၁၃ ရက်က ပြည်တွင်းဘုရားဖူး  ၆၀၃၅ ဦးနှင့် နိုင်ငံခြားသား ၁၃ ဦး လာရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ စာရင်းများအရ သိရသည်။

    ထို့အတူ ဧပြီ ၁၄ ရက်က ပြည်တွင်းဘုရားဖူး  ၅၂၅၇ ဦးနှင့် နိုင်ငံခြားသား ၁၇ ဦး၊ ဧပြီ ၁၅ ရက်က ပြည်တွင်းဘုရားဖူး ၄၃၉၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦး၊  ဧပြီ ၁၆ ရက်က ပြည်တွင်းဘုရားဖူး ၅၁၁၇ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး၊  ဧပြီ ၁၇ ရက်က ပြည်တွင်းဘုရားဖူး ၄၇၈၃ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦး လာရောက်ခဲ့ကြကြောင်း သိရသည်။

    ပြည်တွင်းပြည်ပ ခရီးသွားများသည့်အတွက် အိပ်သည့်နေရာ အဆင်ပြေရန် ထမင်းဆိုင်မှာ ပေးတည်းကြောင်း ကျိုက်ထီးရိုးတောင်ပေါ်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

    “ဆိုင်မှာ ထမင်းစားတယ်။ တည်းဖို့ နေရာ အခက်အခဲဖြစ်တဲ့သူတွေကိုဆို တည်းဖို့နေရာပေးတယ်”ဟု ၎င်းက ပြောသည်။

    ကျိုက်ထီးရိုးတောင်တော်သို့  နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားများ သုံးသန်းခန့် ပုံမှန် ဝင်ရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

    Photo – internet

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks