spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းဝဲကလိအဝင်၀တွင် ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

    ဝဲကလိအဝင်၀တွင် ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၆)

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ် – ရေးလမ်းမကြီး ဝဲကလိအဝင်ဝတွင် ယနေ့ (မွန်းလွဲ ၂ နာရီ) ခန့်တွင် ဘိလပ်မြေတင်ယာဉ်မှ အရှိန်လွန်တိမ်းမှောက်သွားခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ပရဟိတလူငယ်တစ်ဦးက ပြောသည်။

    ” ၆ ဘီးက အရှိန်လွန်ပြီး ဝဲကလိရေပူစမ်းကို ဝင်မယ့်ကားအပေါ် သွားဖိကျတာပေါ့ အိမ်စီးကားကို မောင်းခဲ့တဲ့ အမျိုးသားက မဆုံးဘူး ဘေးကထိုင်ခဲ့တဲ့ အမျိုးသမီးက ဆုံးသွားတယ်လို့ ” ဟု ၎င်းက ပြောသည်။

    ဘိလပ်မြေယာဉ် တိမ်းမှောက်ဖြစ်စဉ်တွင် ယာဉ်ငယ်အပေါ် ပါလာသူ(၅) ဖြစ်ပြီး သေဆုံးသူတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း သိရသည်။

    အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူမှာ မော်လမြိုင်မြို့ သီရီမြိုင်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်တိုးလွန် ဖြစ်ပြီး အသက် ၂၅ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

    သေဆုံးသူ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများကို မွန်ပြည်နယ် သံဖြူဇရပ်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ယာဉ်တိုက်ဖြစ်ပွားခဲ့စဉ်ပုံ (Photo – internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts