Homeသတင်းသင်္ကြန်ပြီးနောက်ပိုင်း ပြည်တွင်းရွှေဈေးနှုန်း အတက်အကျ မြန်နေ

သင်္ကြန်ပြီးနောက်ပိုင်း ပြည်တွင်းရွှေဈေးနှုန်း အတက်အကျ မြန်နေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၅)

သင်္ကြန်ကာလပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်း အတက်အကျမြန်နေပြီး အရောင်းအဝယ်မရှိ ဖြစ်နေကြောင်း မော်လမြိုင်မြို့နယ်က ရွှေရောင်းချနေသူများထံက သိရသည်။

သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက်နေ့တွင် ရွှေတစ်ကျပ်သား ၂၀၅၀၀၀၀ ကျပ် ဖြင့် ဈေးပိတ်ခဲ့သော်လည်း သင်္ကြန်ပြီးနောက်တွင် တစ်ကျပ်သား ၂၀၇၀၀၀၀ကျပ် ဖြင့် ဈေးဖွင့်ခဲ့ကြောင်း မော်လမြိုင်မြို့နယ်မှ ရွှေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

“သင်္ကြန်နဲ့စာရင် ရွှေဈေးက သိပ်အများကြီး ပြောပလောက်အောင် တက်သွားတယ် ကျသွားတယ်ဆိုတာ မရှိဘူး။ တက်လည်း နည်းနည်း ကျလည်း နည်းနည်း အဲလိုပဲ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ဧပြီ ၂၅ရက် မော်လမြိုင်အခေါက်ရွှေ တစ်ကျပ်သား ၂,၀၄၈,၀၀၀ ကျပ်နှင့် ၁၅ပဲရည် တစ်ကျပ်သား ၁,၈၇၇,၀၀၀ ကျပ်ပေါက်ဈေး ရှိကြောင်း ဆက်ပြောသည်။

ဧပြီ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၂,၀၆၀,၀၀၀ ကျပ်နှင့် ၁၅ ပဲရည် တစ်ကျပ်သား ၁,၈၉၀,၀၀၀ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

သင်္ကြန်ပြီးနောက် ရွှေဈေးကို အကျဈေးဖြင့် ပြန်လည် ဈေးဖွင့်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

လက်ရှိတွင် ရွှေဈေးနှုန်း အတက်အကျ တည်ငြိမ်မှု မရှိသေး‌သောကြောင့် ပစ္စည်းအပ်သူ နည်းနေကြောင်း မော်လမြိုင်မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“သင်္ကြန်အပိတ် ဈေးကိုကြည့်ပြီး သင်္ကြန်ပြီးရင်တော့ ရွှေဈေးကျမယ်ဆိုပြီး သုံးသပ်ကြတာပေါ့။ တကယ်လည်း ပြန်ဖွင့်ရော မတည်ငြိမ်နေဘူး။ တက်လိုက် ကျလိုက်ဘဲ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့နယ်အတွင်းတွင် ရွှေဆိုင်များတွင် ယခင်နှစ်ထက် အလဲအထပ် သာမက  အရောင်းအဝယ် အေးနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts