spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းယိုးဒယား ကုန်ပစ္စည်းများ ဈေးတက်

    ယိုးဒယား ကုန်ပစ္စည်းများ ဈေးတက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၆)

    မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေသော ယိုးဒယားကုန်ပစ္စည်းများ သင်္ကြန်ပြီးနောက်ပိုင်း ဈေးနှစ်ဆ မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

    စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခ စရိတ် ယခင်ထက် ပိုကုန်ကျလာခြင်းများကြောင့် ဈေးတက်လာခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် ဈေးကြိုရပ်ကွက်မှ ဆန်၊ ဆီနှင့် စားသောက်ကုန် လက်လီလက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။

    “အခုက ကားခတွေက ပိုကြီးတယ်။ ဆီဈေးတက်တာရော သယ်ဆောင်ခတွေရော အကုန်တတ်ကုန်တာ။ အဲတော့ ကုန်ကျစရိတ်တွက်ပြီး အတက်ဈေးနဲ့ ရောင်းရတာပေါ့။ အာရှလမ်းမှာ သွားလာရ ခက်တော့ ဈေးတွေက တက်နေတာ သင်္ကြန်ပြီးတော့ ပိုဆိုးသွားတယ်”ဟု ၎င်းက ပြောသည်။

    ယိုးဒယားမှ ဝင်သော ဆီ၊ ဟင်းခတ်အမွှေးကြိုင်၊ ကော်ဖီမစ် အပါအဝင် စားသောက်ကုန် ပစ္စည်းများ ယခင်ဈေးထင် ၁၅၀၀ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း ဆက်ပြောသည်။

    ဆီတစ်လီတာ ၁ဗူး ၁၂၀၀ ကျပ်မှ ၂၆၀၀ကျပ်၊ ယိုးဒယားကြက်သားမှုန့် တစ်ထုတ် ၈၀၀ ကျပ် မှ ၁၆၀၀ကျပ်၊ ကြာဇံ တစ်ထုတ် ၂၅၀ ကျပ်မှ ၅၀၀ကျပ်၊ ခေါက်ဆွဲတစ်ထုတ် ၂၀၀ ကျပ်မှ ၃၈၀ကျပ် ဈေးတက်လာခဲ့ကြောင်း သိရသည်။

    ယိုးဒယားကုန်ပစ္စည်းတွေကို သိုလှောင်ထားတာကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ်မှု မရှိနိုင်‌သော်လည်း ဈေးပြန်လည်ကျဆင်းနိုင်မည် မဟုတ်ကြောင်း စားသောက်ကုန် လက်လီလက္ကားရာင်းဝယ်နေသူ တစ်ဦးက ပြောသည်။

    “ပစ္စည်းတွေ ပျက်မယ်ဆိုပြီး ပြောနေတာတွေရှိတယ်။ ယိုးဒယား‌ပစ္စည်းတွေက ပြတ်ဖို့တော့ မရှိဘူး။ ဈေးပဲ တက်လာတယ်။ဈေးတွေကျဖို့တော့ မရှိသေးဘူး။ အရင်လို လမ်းခရီးအဆင်ပြေရင်တော့ ပြန်ကျနိုင်တယ်”ဟု ၎င်းက ပြောသည်။

    အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဝယ်ယူသူ နှင့် ရောင်းချသူကြား အဆင်ပြေစေရန် ဈေးညှိကာ ရောင်းပေးနေကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းသို့ မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းကုန်ပစ္စည်းများ ဖြစ်သော အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများ အဓိကထား တင်သွင်းနေကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားများ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး ခြင်း၊ မီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

    ထို့နောက် အာရှလမ်းမကြီးပေါ်တွင် သွားလာ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ၊ အရပ်သား ကားများ၊ ကုန်တင်မော်တော် ယာဉ်များအား အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် KNLA တပ်မဟာ၊ တပ်ရင်းများသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဧပြီ ၂၃ ရက်နေ့က ညွှန်ကြားချက်ပေးပို့ခဲ့သည်။

    Photo – internet

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks