spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းဘီလူးကျွန်းချောင်းဆုံဘုရားပွဲ နှစ်သစ်မှာ ရိုးရာမပျက် ကျင်းပလျှက်ရှိ

    ဘီလူးကျွန်းချောင်းဆုံဘုရားပွဲ နှစ်သစ်မှာ ရိုးရာမပျက် ကျင်းပလျှက်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၃)

    နှစ်စဉ် သင်္ကြန်အကြိုနေ့ကစတင်ပြီး နှစ်ဆန်း ၁၀ ရက်နေ့အထိ ၁၀ ရက်ကျော်ကြာ ကျင်းပလျှက်ရှိသည့် ဘီလူးကျွန်းချောင်းဆုံဘုရားပွဲသည် ယခုနှစ်မှာလည်း ရိုးရာမပျက် တစ်ရက်ကို တစ်ရွာနှုန်းဖြင့် ဘုရားပွဲကျင်းပလျှက်ရှိသည်။

    ယခုနှစ်ချောင်းဆုံဘုရားပွဲတွင် ဧည့်ခံကျွေးမွေးခြင်းနှင့် ဇာတ်သဘင်ကပြမည့် အစီအစဉ်များ ရှိကြောင်း ချောင်းဆုံမြို့ တောကနာ မွန်ပိဋကတ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားထားသည်။

    “ဒီနှစ်ကတော့ ၂ ညလောက် ဇာတ်ပွဲတွေကပြဖို့တော့ရှိတယ် ၊ ဟိုအရင်နှစ်တွေကလို လက်ဝှေ့ပွဲတွေ အားကစားပြိုင်ပွဲတွေတော့ မရှိသေးဘူးဆိုပေမဲ့ အခြားအစီအစဉ်လေးတွေလည်း အများကြီးရှိပါတယ် အဲ့တော့ ရပ်ဝေးရပ်နီး မိတ်ဆွေပြည်သူတွေအားလုံး ဘုန်းဘုန်းတို့ ဘီလူးကျွန်းဘုရားပွဲကိုလာဖို့ ကြိုဆိုလျှက်ပါ” ဟု ဆရာတော်မှ မိန့်ကြားသည်။

    ဒါ့အပြင် လက်ရှိဘုရားပွဲရက်အတွင်းတွင် ဧည့်သည်များ ယခင်နှစ်ကထက် ပိုမိုများပြားလျှက်ရှိပြီး အထူးသဖြင့် ရန်ကုန် ပဲခူး မန္တလေးနှင့် မြဝတီမှ လာရောက်ကြကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားထားသည်။

    သို့သော်လည်း ပွဲလမ်းသဘင်များ မကျင်းပရခြင်းမျာ ကြာပြီဖြစ်သည့်အတွက် ဇာတ်ပွဲငှားရမ်းရန် ခက်ခဲလာကြောင်းနှင့် နစက အစိုးရထံမှ ခွင့်ပြုချက်တောင်းရခြင်းများလည်း ရှိကြောင်းသိရသည်။

    ချောင်းဆုံဘုရားပွဲတွင် တစ်ရက်တစ်ရွာနူန်းဖြင့် အဆက်ဆက်ကျင်းပလျှက်ရှိပြီး ဘုရားပွဲရက်အတွင်းတွင် အိမ်တိုင်း ထမင်း၊ ဟင်းနှင့် ချောင်းဆုံဒေသမှထွက်သည့် မုန့်ပဲသရေစာနှင့် စာသောက်ဖွယ်ရာမျိုးစုံကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။

    ဒါ့အပြင် မိမိရွာဘုရားပွဲအတွက် ပြင်ဆင်ရင်း ပီတိဖြစ်ရေကြာင်း  ချောင်းဆုံဒေသခံ မိဂျော်ပကားက ပြောသည်။

    “ ဒီနေ့ကတော့ အလုပ်ရှုတ်တဲ့နေ့ပေါ့ရှင် ရာသီဥတုကပူ ပွဲတော်ရက်အတွက်လည်း ပြင်ဆင်နေရတာနဲ့ အရမ်းပင်ပန်းတယ်ဆိုပေမယ့် စိတ်ထဲမှာတော့ အရမ်းပီတိဖြစ်နေတယ်၊ လာတဲ့ဧည့်သည်တိုင်းကိုလည်း ကိုယ့်အိမ်မှာ ထမင်းစားစေချင်တယ် ဘာမှမစားသွားဘူးဆိုရင်တော့ အိမ်ရှင်တွေအနေနဲ့က စိတ်မကောင်းဖြစ်ကြတာပေါ့” ဟု ၎င်းက ပြောသည်။

    ယမန်နေ့ တန်ခူးလဆုတ် ၇ ရက်နေ့တွင် ကမာမိုးရွာမှာ ကျင်းပလျှက်ရှိပြီး  ယနေ့ လဆုတ် ၈ ရက်နေ့တွင် မုဒွန်းရွာ၊ လဆုတ် ၉ ရက်နေ့တွင် ကညှော်ရွာ၊ ၁၀ ရက်နေ့တွင် တောင်စွန်းရွာ၊ လဆုတ် ၁၁ ရက်နေ့ နောက်ဆုံးနေ့တွင် ကလွ႘ရွာမှာ အဆက်ဆက်ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ချောင်းဆုံဘုရားပွဲတွင် ကိုဗစ်ကပ်ရောဂါ်ကြောင့် ဒေသခံအချင်းချင်းသာ ကျင်းပရကြောင်း သိရသည်။

    လှည့်ပြိုင်ပွဲ ကျင်းပနေပုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts