spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၁၂၀ဝကျပ် ကောက်ခံသွားမည်

    ရေးမြို့နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၁၂၀ဝကျပ် ကောက်ခံသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ )

    မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ယခု ဧပြီလမှ စတင်ကာ လျှပ်စစ်မီတာခ တစ်ယူနစ် ၁၂၀၀ကျပ် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရေးမြို့နယ် မီးလင်းရေးကော်မတီထံက သိရသည်။

    စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာသောကြောင့် လျှပ်စစ်မီတာခကို ထပ်မံတိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း မီးလင်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “၁၂၀၀နဲ့ ကောက်မယ်။ တစ်ယူနစ် ၁၂၀၀ နဲ့ကောက်ခံမယ်။ ဆီ‌ဈေးတက်လို့ အဲဒါကြောင့်မို့ ကျွန်တော်တို့လည်း ဆီဈေးနှုန်းနဲ့ ကောက်တာပေါ့”ဟု ၎င်းက ပြောသည်။

    မီးလင်းရေးကော်မတီအနေနှင့် မီးကို နေ့စဉ်အပြည့်ပေးမည်ဖြစ်ပြီး ဓာတ်ဆီဈေးနှုန်း တက်သောကြောင့်သာ မီတာခ တိုးကောက်ရခြင်းဖြစ်ကြောင်း ဆက်ပြောသည်။

    ယခင်တွင် တစ်ယူနစ် ၆၀၀ ကျပ် ကောက်ခံနေရာမှ ဖေဖော်ဝါရီအတွင်း၌ စက်သုံးဆီဈေးနှုန်များ မြင့်တက်လာသောကြောင့် တစ်ယူနစ်ကို ၉၀၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့သည်။

    မွန်ပြည်နယ်အတွင်း ဧပြီလ ၁ ရက်‌တွင် ဒီဇယ် တစ်လီတာ ၂၂၂၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီ ၂၂၄၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၂၀၂၅ ကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာ ၂၁၅၀ ကျပ် ဈေးရှိကြောင်း သိရသည်။

    ရေးမြို့နယ်မှ အိမ်ရှင်မက တစ်ဦးက “အကုန်လုံးကတော့ အတက်ကြီးပဲလေ။ ပြန်ကျဖို့တော့ ဘာမှမရှိသေးဘူး။ အိမ်မှာတော့ အတတ်နိုင်ဆုံး လျှပ်စစ်မီးမသုံးဘူး။ ဖုန်းအားသွင်းတာလောက်ပဲ လုပ်တယ်။ မဟုတ်ရင် တစ်လတစ်လ မီတာခ သောင်းချီကုန်တယ်”ဟု ပြောသည်။

    ရေးမြို့နယ်အတွင်း ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် တစ်လအတွက် မီတာသုံးစွဲမှုနူန်း ၂သိန်းကျော်သာရှိကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း ရေးမြို့နယ် တစ်မြို့နယ်သာ လျှပ်စစ်ဓာတ်အားလိုင်းမရှိ‌သောကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks