Tuesday, March 31, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး

    ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူ သေနတ်ပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၂၈)

    ရေးမြို့နယ် တူးမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၏ အစ်မဖြစ်သူ မတ်လ ၂၇ ရက်က နံနက်ပိုင်းတွင် နေအိမ်၌ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။

    ဦးသန်းထွန်းကို သေနတ်ဖြင့် လာရောက်ပစ်ခတ်စဥ် အစ်မဖြစ်သူ၏ ရင်ဘက်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဒီလိုဗျ လာပစ်တုန်းက ဦးသန်းထွန်းကို ပစ်ဖို့လာတာဖြစ်မယ်။ ကျည်ကတော့ သူ့အစ်မထိသွားတယ်။ ဆုံးသွားပါပြီ။ ၃ ချက်ပစ်တာ။ အလောင်းကို ဆေးရုံမှာ စစ်ဆေးတာတွေ လုပ်ဆောင်ပြီးတော့ အခု မိသားစုဆီ ပြန်ရောက်သွားပါပြီ”ဟု ၎င်းက ပြောသည်။

    ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းမှာ ရေးမြို့ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် အလိုရှိကြောင်း ကြေငြာခံထားရသည့် ရေးဘီလူးအဖွဲ့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    ရေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ သေးသည်။

    ရေးဘီးလူးအဖွဲ့က သတင်းပေးဟု စွပ်စွဲခံရသူ ပရဟိတလုပ်ကိုင်ဆောင်ရွက်သူ တပ်မတော် အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်း ဆရာမ ၁ ဦးအပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks