Tuesday, March 31, 2026
More
    spot_img
    Homeသတင်းမွန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခြင်းကြောင့် အုတ်လုပ်ငန်းများ အရှုံးပေါ်

    မွန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခြင်းကြောင့် အုတ်လုပ်ငန်းများ အရှုံးပေါ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၆)

    မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားလာခဲ့သောကြောင့် အုတ်လုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်နေကြောင်း အုတ်လုပ်ငန်းရှင်များက ပြောသည်။

    ဆောက်ရေးလုပ်ငန်းနှင့် ပြင်ဆင်ရေး လုပ်ငန်းများ ရပ်နားထားသောကြောင့် အုတ် ဝယ်လိုအား သိသိသာသာ ကျဆင်းလာခဲ့ကြောင်း မုဒုံမြို့နယ်က အုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ 

    “အာဏာသိမ်းပြီးထဲက ဘာဆောက်လုပ်ရေးမှ လုပ်ကြတော့ဘူးလေ။ အုတ်တွေကတော့ရှိတယ်။ လုပ်ပြီးသားတွေပဲ။ အသစ်တွေပဲ ထပ်မလုပ်ထားတာ။ ဝယ်လိုအား မရှိတော့ အသစ်လည်း မလုပ်တော့ဘူး‌။ အခုတောင် ဝယ်သူမရှိတော့ ရှုံးတာပေါ့”ဟု ၎င်းက ပြောသည်။

    ထို့ပြင် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လာသောကြောင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်လည်း မြင့်တက်လာကြောင်း ၎င်းက ဆက်ပြောသည်။

    အုတ်လုပ်ကိုင်ရာမှာ အဓိက အသုံးပြရသော ထင်း ရှားပါးလာသောကြောင့် ဝယ်ယူရာမှာလည်း ဈေးပိုပေးနေရကြောင်း မော်လမြိုင်မှ အုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “အရင်နှစ်တွေထက်တော့ သိသိသာသာကို ခက်ခဲလာတာပေါ့။ ကုန်ကြမ်းဖြစ်တဲ့ ထင်းတွေကလည်း ရှားလာတယ်။ ဈေးကလည်းတက်တယ်”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ မုဒုံ၊ ကျိုင်မရောနှင့် ရေးမြို့နယ်တို့တွင် အုတ်လုပ်ငန်းကို အများဆုံး ထုတ်လုပ် လုပ်ကိုင်‌နေကြောင်း သိရသည်။

    ထို့ပြင် မွန်ပြည်နယ်မှ ထွက်ရှိလာသော အုတ်များကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်နှင့် ပြည်နယ်အသီးသီးသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks