spot_img
Sunday, June 22, 2025
More
    spot_img
    Homeသတင်းလျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်

    လျှပ်စစ်မီးကို မေလအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၅)

    လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့်အတွက် လျှပ်စစ်မီးကို မတ်လအထိ အလှည့်ကျစနစ်ဖြင့်သာ ပေးနိုင်ဦးမည်ဟု နစကကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

    မတ်လ ၂၄ရက်နေ့က နေ့ပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။

    မော်လမြိုင်မြို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက “အခုက ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်း မောင်းပေးနေပါတယ်။ အထက်ကလည်း အဲဒီအတိုင်း တိတိကျကျသွားဖို့ မှာထားတဲ့အတွက် ဇယားအတိုင်းပဲ ဆက်လုပ်ရမှာပါ။ ဘယ်အချိန်အထိ အခုလိုမောင်းရမလဲ။ ဘာတွေဆက်လုပ်ရမလဲဆိုတာတော့ ကျွန်တော်တို့မသိရသေးပါဘူး”ဟု ‌ပြောသည်။

    လျှပ်စစ်ဓါတ်အား တိုးမြှင့်ပေးနိုင်ရန် ဓါတ်ငွေ့ပိုက်လိုင်းတိုးချဲ့ခြင်း၊ ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အား ၁၂၀ မဂ္ဂါဝပ်အား ဝယ်ယူနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး ဘီလူးချောင်း ရေအားလျှပ်စစ်မှထွက်ရှိမည့် ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရန်နှင့် ဖျက်ဆီးခံထားရသည့် တာဝါတိုင်များကိုလည်း ပြန်လည် ပြင်ဆင်လျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts