Saturday, March 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် ဗုံးသုံးလုံးပေါက်ပြီး စစ်တပ်သားအချို့ ထိခိုက်

    ဘုရားသုံးဆူတွင် ဗုံးသုံးလုံးပေါက်ပြီး စစ်တပ်သားအချို့ ထိခိုက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၁၈)

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အမှတ်ရပ်ကွက် ၃ရပ်ကွက်နှင့် ၄ရပ်ကွက်တို့တွင် ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်း၌ ဗုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး စစ်သားအချို့ ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    နံနက် ၆နာရီ အချိန်ခန့်က ၃ ရပ်ကွက်ထိပ်တွင် ဗုံးပေါက်ခဲ့ပြီး ၇ နာရီကျော်တွင် ၄ရပ်ကွက်၌ ဗုံးတစ်လုံးပေါက်ခဲ့ကြောင်း ဗုံးပေါက်ကွဲသည့် ၄ ရပ်ကွက်သို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးစဥ် နောက်ထပ် ဗုံးတစ်လုံးထပ်ပေါက်ပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “၃ ရပ်ကွက်မှာ အရင်ပေါက်တယ်။ ပြီးတော့ ၄ရပ်ကွက်မှာပေါက်တယ်။ ရပ်ကွက်မှာ လာစစ်နေတုန်း ဗုံးတစ်လုံးထပ်ပေါက်တယ်။ ဆင့်ပွားဗုံးလို့ခေါ်တာပေါ့။ အရာရှိတစ်ယောက်တောင် ထိခိုက်တဲ့အထဲ ပါတယ်လို့ကြားတယ်”ဟု ၄င်းက ပြောသည်။

    ထို့ပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ(၂၈၃)မှ တပ်မတော် ကားတစ်စီး သုံးတိုင်ရွာအနီးတွင် ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။

    တပ်မတော်က အဆိုပါဖြစ်စဥ်ဖြစ်ပွားသည့်နေရာတွင် ယူနီဖောင်းအပြည့်အစုံနှင့် စစ်ဆေးမှုများတင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တပ်မတော်နှင့် တော်လှန်ရေး အင်အားစုအဖွဲ့များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် ကျောင်းသူ/ကျောင်းသားများကို စာသင်ကျောင်းသို့ပို့ဆောင်မှု မပြုလုပ်ကြပါရန် မြို့နယ်ကျောင်းသားများသမဂ္ဂက မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

    ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်တစ်ခု (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks