Saturday, March 14, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းကျေးရွာတွင် လက်နက်ကိုင်အမျိုးသားတစ်ဦးက ၃ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

    ကော့ဘိန်းကျေးရွာတွင် လက်နက်ကိုင်အမျိုးသားတစ်ဦးက ၃ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၁၈)

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်း ၆ နာရီခန့်က လက်နက်ကိုင်ဆောင်ထားသည့် စိုးမင်းဆိုသူမှ ဇနီးဟောင်းဖြစ်သူကို လာရောက်ပစ်သတ်ရာမှ အိမ်နီးချင်းဖြစ်သည့် လင်မယားနှစ်ဦးကိုပါ ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ စိုးမင်းဆိုသူသည် ဇနီးဟောင်းဖြစ်သူကို အိမ်ပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ပြီး အသင့်ယူဆောင်လာသည့် ဓါတ်ဆီဖြင့် မီးရှို့နေစဉ် မျက်နှာချင်းဆိုင်အိမ်နီးချင်း လင်မယားနှစ်ဦးက အိမ်ရှေ့သို့ရောက်လာစဉ် နှစ်ဦးစလုံး ပစ်သတ်ခံရကြောင်း ကော့ဗိန်းရွာမှ ရပ်ကျေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဇနီးဟောင်းဖြစ်သူနဲ့ အိမ်ရှေ့ကလင်မယား အမျိုးသားက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် အမျိုးသမီးကတော့ တရနာ ဆေးရုံရောက်တော့ ဆုံးသွားတာပေါ့၊ ပြစ်မှုကျူးလွန်တဲ့ အမျိုးသားက ဆေးကြောင်နေလား လက်နက်ကိုင် တပ်ဖွဲ့ဝင်ဖူးတဲ့သူလား ဆိုတာကတော့ သူ့ကို မဖမ်းမိသေးတော့ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ၄င်းက ဆိုသည်။

    ပစ်ခတ်ခံရသည့် အိမ်ရှင်အမျိုးသမီး မိထောမွန် အသက် ၃၂ နှစ်၊ မျက်နှာချင်းဆိုင်အိမ်ရှေ့နေ လင်မယား နိုင်ရွှေဦး ၅၉ နှစ်နှင့်် မိမြင့် ၅၉ နှစ်တို့ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

    ထို့အတူ “အိမ်ထောင်ရေး ပြဿနာဟုဆိုကာ ဆိုင်ကယ်စီးလာတဲ့ သေနတ်သမား (၂) ‌‌ဦးက အမျိုးသမီးကို ပစ်သတ်ပြီး ဓာတ်ဆီလောင်းမီးရှို့နေစဥ် ၎င်းပစ်သတ်ခံရတဲ့ အမျိုးသမီးအိမ်ရှေ့ရှိ သက်ကြီးပိုင်းလင်မယား (၂) ‌ယောက်က အလန့်တကြားအော်မိသောကြောင့် ထိုလင်မယားနှစ်ဦးပါ ထပ်မံပစ်သတ်မှုဖြစ်ပွားခဲ့သည်” ဟု ကော့ဘိန်းဟစ်တိုင် လူမှုစာမျက်နှာက ဖော်ပြထားသည်။

    မိထောမွန်သည် ပြစ်မှု ကျူးလွန်သည့်် လက်နက်ကိုင် စိုးမင်းဆိုသူနှင့်် တစ်နှစ်ခန့် ပေါင်းသင်းနေထိုင်ခဲ့ပြီး လွန်ခဲ့သည့် ၆ လနီးပါးခန့်က ကွာရှင်းပြတ်စဲထားကြောင်းလည်း သိရသည်။

    အခင်းဖြစ်ပွားရာနေရာတွင် ကျည်ဆံအခွံ ၅ ခုတွေ့ရှိခဲ့ပြီး ကျည်ဆံအခွံများကို ကြည့်ခြင်းအာဖြင့် AK သေနတ်ဖြင့်် ပစ်ခတ်ထားကြောင်း ဒေသခံများအကြား ယူဆပြောဆိုကြသည်။

    အဆိုပါအခင်းဖြစ်ပွားသည့် ကိစ္စအပေါ် မွန်ပြည်သစ်ပါတီ သထုံခရိုင်တာဝန်ရှိပုဂ္ဂိုလ်များကို မွန်သတင်းအေဂျင်စီ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

    ကော့ဘိန်းကျေးရွာသည် မွန်ပြည်သစ်ပါတီ သထုံခရိုင်၏ ဆက်စပ်နယ်မြေဖြစ်သည်။

    သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသမီး( Photo Crd- ကော့ဘိန်းဟစ်တိုင်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks