Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်

    မွန်ပြည်နယ်တွင် စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၉)

    မွန်ပြည်နယ် ဈေးကွက်အတွင်း မတ်လ ပထမအပတ်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း စားအုန်းဆီ ရောင်းဝယ်နေသူများထံက သိရသည်။

    ယခင်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ်ထိသာ အမြင့်ဆုံး ဈေးရှိခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် ဈေးကြိုကုန်စည်ဒိုင်မှ စားအုန်းဆီ ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

    “အရင်လတွေတုန်းကကျတော့ နိုင်ငံရေးမတည်ငြိမ်တာ ငွေတန်ဖိုးတွေကျလာတာရော အဲဒါတွေကြောင့် ဈေးတက်လာတာပေါ့။ အမြင့်ဆုံး ၄၈၀၀၊ ၅၀၀၀ ထိပြီး တက်ခဲ့တာ။ အခု ဒီလအစမှာပဲ ၉၀၀၀ထိ မြင့်သွားတာ။ ကမ္ဘာစားအုန်းဆီကလည်း မြင့်လာတယ်လေ။ အဲဒါကြောင့်ပေါ့”ဟု ၎င်းက ပြောသည်။

    ကမ္ဘာစားအုန်းဆီဈေးနှုန်း ထပ်မံမြင့်တက်လာပါက ပြည်နယ်ဈေးကွက်အတွင်း၌လည်း စားအုန်းဆီ‌ဈေး ထပ်တက်လာမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    စားအုန်းဆီဈေးနှုန်း တက်လာသည့်အပြင် သယ်ယူပို့ဆောင်စရိတ်လည်း မြင့်တက်လာခဲ့ကြောင်း ပြည်နယ် စားအုန်းဆီလုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အခုက ကိုဗစ်ရော မြန်မာပြည်မှာလည်း နယ်မြေမငြိမ်းချမ်းတော့ သယ်ယူပို့ဆောင်တာ ပိုခက်ခဲလာတာပေါ့။ သယ်ယူခ စရိတ်တွေလည်းတက်လာတယ်။ ဝယ်စားတဲ့ပြည်သူတွေလည်း မသက်သာ ရောင်းသူတွေလည်း မသက်သာတဲ့ အခြေအနေ ဖြစ်နေတာပေါ့”ဟု ‌၎င်းက ပြောသည်။

    ယခင်တွင် စားအုန်းဆီကို ရန်ကုန်မှ သယ်ယူနေသော်လည်း လက်ရှိတွင် စားအုန်းဆီ ကုန်ကြမ်းပျက်လပ်မှုဖြစ်နေကြောင်း ၎င်းက ပြောသည်။

    မွန်ပြည်နယ် ဈေးကွက်အတွင်းက စားအုန်းဆီတွေကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks