Saturday, March 14, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီး လူနာ (၇)ဦး ထပ်မံသေဆုံး

    မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီး လူနာ (၇)ဦး ထပ်မံသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၈)   

    မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီးလူနာ ၇ ဦး ထပ်မံသေဆုံးခဲ့ပြီး နေ့ချင်း သဂြိုလ်ပေးခဲ့ရကြောင်း မော်လမြိုင်မှ  လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

    ယနေ့ (မတ်လ ၈ ရက်) မနက်ပိုင်းတွင် သေဆုံးခဲ့သည့် လူနာများကို မော်လမြိုင်ရင်ခွဲရုံမှ ပိန္နဲကုန်းသုသာန်ကို ပို့ဆောင်ပြီး သဂြိုလ်ခဲ့တာဖြစ်ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့အရင်ကလည်း အားချင်းသဂြိုလ်တယ်။ညဘက်ဆုံးရင်တော့ နောက်မနက်မှ သဂြိုလ်တယ်။အခု မော်လမြိုင်မှာက အိုမီခရွန်နဲ့ သေဆုံးသူအများဆုံးလို့တောင် ပြောလို့ရတယ်။အားလုံးကတော့ မော်လမြိုင်မှာ နေတဲ့သူတွေတော့ မဟုတ်ဘူး”ဟု ၄င်းက ပြောသည်။

    ကျိုက်မရောမြို့မှ အသက် (၈၁) နှစ်အရွယ်အမျိုးသားတစ်ဦး၊ ပေါင်မြို့မှ အသက် (၅၈) နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ သံဖြူဇရပ်မြို့မှ အသက် (၅၃) နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ၊‌ချောင်းဆုံမြို့မှ အသက် (၆၇) နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး၊ ဘားအံမြို့မှ အသက် (၅၃) နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦး၊ ကျိုက္ခမီ မြို့မှ အသက် (၄၉) နှစ်အရွယ်အမျိုးသား လူနာတစ်ဦးနဲ့ မော်လမြိုင်မြို့မှ အသက် (၆၃) နှစ်အရွယ် အမျိုးသမီး စသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် မော်လမြိုင်တွင် ကိုဗစ် – ၁၉ ဗီဇမျိုးကွဲကြောင့် နေ့စဥ်သေဆုံးမှုများရှိနေပြီး သေဆုံးသူများသည် အသက် ၅၀နှင့်အထက် သက်ကြီးပိုင်းလူနာများဖြစ်သည်။

    ကျန်းမာရေး ဝန်ကြီးဌာန၏ မတ်လ ၇ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၁၇၃) ဦးတွေ့ရှိရပြီး ပိုးတွေ့ရှိမှုနှုန်း (၅.၈၆) ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

    အိုမီခရွန်ကြောင့် သေဆုံးသွားသူကို သဂြိုလ်ရန် သယ်ယူသွားစဉ် ((Mawlamyine Rescue)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks