Saturday, March 14, 2026
More
    spot_img
    Homeသတင်းမှတ်ပုံတင်ပါမှ ခရီးသွားခွင့်ပြုသည်မှာ လုံခြုံရေးအရဟု ယူဆကြောင်း ဒေါက်တာအောင်နိုင်ဦးပြော

    မှတ်ပုံတင်ပါမှ ခရီးသွားခွင့်ပြုသည်မှာ လုံခြုံရေးအရဟု ယူဆကြောင်း ဒေါက်တာအောင်နိုင်ဦးပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၇)

    နစကကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မှတ်ပုံတင်ပါမှ ခရီးသွားလာခွင့် ပြုမည်ဆိုခြင်းမှာ လုံခြုံရေးအရ ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မွန်ပြည်နယ် ဒုတိယလွှတ်တော် ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    လက်ရှိတွင် လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း နိုင်ငံသားကတ်ပြသဆောင်ရွက်ရန် တရားဝင်ထုတ်ပေးထားသည့် မှတ်ပုံတင်အား ဧပြီ ၁ ရက်မှ စတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း ထုတ် မတ်လ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

    ဒေါက်တာ အောင်နိုင်ဦးက “ကျနော်အမြင်ပြောရရင်‌တော့ တစ်ဖက်က မှတ်ပုံတင်မရှိတဲ့ လူတွေကို မှတ်ပုံတင်အမြန်သွားရိုက်ဖို့ ဖိအားပေးတာထက် ဘယ်လိုပြောမလဲ တချို့ တရားမဝင်သွားလာလှုပ်ရှားတဲ့ သူတွေကိုပဲ ရည်ရွယ်ပြီးတော့ ဖိအားပေးသုံးတာလားပေါ့၊ ဖြစ်နိုင်ချေပေါ့လေ၊ ကျနော်ကတော့ အဲလိုမျိုးတော့ မြင်တာပေါ့၊ ဆိုလိုတာက တချို့လည်း အဲလိုမျိုး မှတ်ပုံတင်မရှိပဲ သွားလာနေကြတဲ့ အနေအထားရှိတယ်၊ ဆိုတော့ အဲဒီအတွက်ကိုလည်း တစ်နည်းအားဖြင့် လုံခြုံရေးအရရည်ရွယ်ပြီးလုပ်တာလားပေါ့” ဟု ပြောသည်။

    အသက် (၁၆) နှစ်နှင့် အထက်များကို ဥပဒေအရ ကိုင်ဆောင်သင့်သည် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း၊ ယင်းအတွက်ကြောင့် မှတ်ပုံတင်အစား ထောက်ခံစာများအား ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင်မရှိသည့်အတွက် ရွေးကောက်ပွဲများတွင် မဲပေးသည့်အခါ ပြဿနာများရှိနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် လာမည့်ရွေးကောက်ပွဲတွင် စနစ်ကျရေးအတွက် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နိုင်ကြောင်း ဦးရဲထွန်းက ပြောသည်။

    “နိုင်ငံသားတိုင်း အသက်ပြည့်တဲ့အချိန်မှာ မှတ်ပုံတင်ထဲမှာ မရှိဘူး။ မရှိတော့ ဘယ်နေရာမှာ ကြတော့ သွားပြဿနာတက်တုန်းဆိုတော့ မဲပေးတဲ့အချိန်မှာ ၁၈ နှစ်ပြည့် နိုင်ငံသားတိုင်း မဲပေးတဲ့အချိန်မှာ အဲတာ ပြဿနာတက်တော့ အခု ၂၀၂၀ မှာကြတော့ အဲဒီမှတ်ပုံတင်မရှိပဲ မဲပေးတဲ့ လူတွေ ပါလာတာဒါကြောင့်မို့လို့ အခုဟာက အဲတာကို လာမယ့် ရွေးကောက်ပွဲမှာ ပိုပြီးတော့ စနစ်တကျဖြစ်စေရေးဆိုတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မှာပေါ့ဗျာ” ဟု ပြောသည်။

    ဒေါက်တာ အောင်နိုင်ဦးက ရွေးကောက်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်ဟု ယူဆကြောင်း၊ မဲစာရင်းကိစ္စမှာ အိမ်ထောင်စုစာရင်းအပေါ် မူတည်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

    တရားဝင်ထုတ်ပေးထားသည့် မှတ်ပုံတင်အား ဧပြီ ၁ ရက်မှ စတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်သလို မှတ်ပုံတင် အတုကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

    မှတ်ပုံတင်ကဒ်ပြား နမူနာတစ်ခု

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks