HomeCovid 19ရေးမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦး တွေ့ရှိ

ရေးမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦး တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၂)

ရေးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးအထိ ကူးစက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကူးစက်ခံရသူများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အချုပ်သားများ ပါဝင်ကြောင်း ရေးမြို့နယ်က ကိုဗစ်အရေး ကူညီနေသူ တစ်ဦးက ပြောသည်။

“အတည်ပြုလူနာတွေကိုတော့ အဖြေထွက်လာထဲက ဆေးရုံက သီးသန့်ဆောင်ကို ပို့ပေးထားတယ်။ ဆေးကုသမှု ပေးနေတာပေါ့။ ထူးခြားတဲ့ ရောဂါလက္ခဏာပြနေတာမျိုးတော့ မတွေ့ရပါဘူး”ဟု ၎င်းက ပြောသည်။

ရေးမြို့မရဲစခန်းမှ အချုပ်သား ၂၇ဦးအထိ ကိုဗစ်ကူးစက်ခံထားရခြင်းဖြစ်ပြီး ရေးမြိုနယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၆ ဦးနှင့် အနမ်းပုန်းကျေးရွာနှင့် ဒူးယားကျေးရွာမှ လူနာ ၇ ဦး အထိ ကူးစက်ခံထားရကြောင်း သိရသည်။

အတည်ပြုလူနာများ၏ မိသားစုဝင်များ နှင့် ထိတွေ့သူများကို နေအိမ်တွင် အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်နေကြောင်း ကိုဗစ်အရေး ကူညီနေသူ တစ်ဦးက ပြောသည်။

လက်ရှိမွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနေပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများကိုလည်း ရှောင်ရှားကြရန် ကိုဗစ်အရေး ကူညီနေသည့် ‌ဆရာဝန်တစ်ဦးက ပြောသည်။

“အခု အကုန်လုံးနီးပါးကို ဖြစ်နေကြတဲ့ အခြေအနေပါ။ အဲတော့ ပြည်သူတွေက ကိုယ့်ကိုကိုယ်ရော မိသားစုဝင်တွေကိုရော ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ လူစုလူဝေးရှိတဲ့နေရာသွားတာတွေ ရှောင်ပါ။ mask ကို မဖြစ်မနေတပ်ဖို့တော့ အရမ်းအရေးကြီးပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း အတည်ပြုလူနာများ ထပ်တွေ့လာနိုင်သေးသည့်အခြေအနေ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း ပိုမိုဂရုစိုက်ရန် တိုက်တွန်း ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်လူနာ ၁၇၆၀၀ကျော်အထိ ရှိလာပြီး သေဆုံးသူ ၁၄၀၀ကျော်အထိ ရှိကြောင်း သိရသည်။

Caption: ရေးမြို့ ပြည်သူ့ဆေးရုံကြီး

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts