spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်က ကျောင်းများတွင် ကိုဗစ်ပိုး အစုလိုက်အပြုံလိုက် ထပ်မံကူးစက်ခံရ

    မွန်ပြည်နယ်က ကျောင်းများတွင် ကိုဗစ်ပိုး အစုလိုက်အပြုံလိုက် ထပ်မံကူးစက်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၅)

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် – ၁၉ ရောဂါ အစုအလိုက် အပြုံအလိုက် ထပ်မံကူးစက်ခံလိုက်ရကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမနှစ်ဦးတွင် ရောဂါပိုး တွေ့ရှိပြီးနောက် ဆက်စပ်သူများကို စစ်ဆေးရာ ကျောင်းသား၊ ကျောင်းသူ ၂၉ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။

     “ကျွန်တော်တို့ပထမရက်က နှစ်ယောက်တွေ့တယ်။ သူတို့နဲ့ ဆက်စပ်တဲ့သူတွေကို စစ်တော့ ကျောင်းသား၊ ကျောင်းသူ ၂၉ဦးမှာ ပိုးထပ်တွေ့တယ်ပေါ့‌နော်။ ၃ တန်း ကျောင်းသားနဲ့ ၇ တန်း ကျောင်သားလေးတွေပါ။ ယောက်ျားလေးတွေကို တိုက်နယ်ဆေးရုံမှာထားပြီး မိန်းကလေးတွေကိုတော့ မဖွင့်ရသေးတဲ့ ဆေးခန်းတစ်ခုမှာ ထားထားပါတယ်”ဟု ၎င်းက ပြောသည်။

    အလားတူ သထုံမြို့ အမက(မင်းတန်း)ကျောင်းတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်သည့် ကျောင်းသူ၊ ကျောင်းသား ၅ ဦးတွင် ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

    မြို့နယ်ဆေးရုံတွင် ကိုဗစ်ပိုးတွေ့ လူနာများကို ထားရှိထားသည့်အတွက် မလိုအပ်လျှင် ဆေးရုံသို့ မလာရန်နှင့် လူနာမေးခြင်းများ မပြုလုပ်ရန် သိမ်ဇရပ်ဆေးရုံမှ တာဝန်ရှိသူက  ပြောသည်။

    မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံနှင့်  သံဖြူဇရပ်မြို့နယ်မှ အခြေခံပညာကျောင်းများတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ရာကျော် ကိုဗစ်ပိုး ကူးစက်ခံထားရကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၅၇ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထို့အတူ နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၅၈၆) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၆.၆၄) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks