Friday, March 13, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်အကျဉ်းထောင်မှ လွှတ်ငြိမ်းဖြင့် ပြန်လွှတ်လာသူ ၇၀ ဦးရှိ

    မွန်ပြည်နယ်အကျဉ်းထောင်မှ လွှတ်ငြိမ်းဖြင့် ပြန်လွှတ်လာသူ ၇၀ ဦးရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၂)

    ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နစကကောင်စီက နိုင်ငံတစ်ဝန်း အကျဥ်းသားများ ပြန်လွှတ်ပေးရာ မွန်ပြည်နယ်အကျဥ်းထောင်မှ အကျဥ်းသား ၇၀ ဦးပါဝင်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်ရှိ အကျဥ်းထောင်များဖြစ်သော ကျိုက်မရော၊ မော်လမြိုင်၊ သထုံအကျဉ်းထောင်များ အပါအဝင် အကျဉ်းထောင်၊ အလုပ်စခန်းအသီးသီးမှ အကျဥ်းသားများကို ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ၊ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရသူများ ယနေ့ (ဖေဖော်ဝါရီလ ၁၂) ညနေပိုင်းအထိ မလွှတ်သေးကြောင်း အကျဥ်းဦးစီးဌာနမှ သိရသည်။

    တိုက်ပွဲအတွင်းကျဆုံးသည့် စစ်သားများပုံကို ရိုက်ပြီးလူမှုကွန်ရက်၌မျှဝေခဲ့သည့် သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ ကိုကျော်ဝင်း လွှတ်ငြိမ်းတွင်ပါဝင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိလွှတ်မြောက်ခြင်းမရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

    “ကိုကျော်ဝင်းလွှတ်မယ်ဆိုပြီး မနက်ကတည်းက အသံတွေထွက်နေတာ။ ကျွန်တော်တို့လည်း ဝမ်းသာနေတာပေါ့။ ဒါပေမဲ့အခုထိ မလွှတ်သေးဘူး။ အခုတော့ မပါဘူးလို့ ပြန်ကြားနေရတယ်”ဟု ၎င်းက ပြောသည်။

    လွှတ်ငြိမ်းဖြင့် ပြန်လွှတ်လာသူ (၇၀) ဦးတွင် အမျိုးသား ၆၅ ဦး အမျိုးသမီး ၅ ဦးပါဝင်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်လာခြင်းဖြစ်သည်ဟု သိရသည်။

    (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နစကကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင် အသီးသီးမှ အကျဉ်းသား ၈၁၄ ဦးက လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    ယင်းအပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ချမှတ်ထားသော ထောင်ဒဏ်အနှစ် ၈၀  မှ အနှစ် ၄၀ ကို ဖြေလျော့ပေးကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။

    Caption: ကျိုက်မရော အကျဉ်းထောင် (Photo: Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks