Monday, April 6, 2026
More
    spot_img
    HomeCovid 19ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၅၅ ဦးရှိ

    ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၅၅ ဦးရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၁)

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် တစ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ အပါအဝင် ၅၅ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။

    ကမာမိုကျေးရွာ ဒေါ်အေးမိက ဖေဖော်ဝါရီ ၉ ရက်က မော်လမြိုင်မြို့ ပြင်ပဆေးရုံးသို့ လာရောက်ပြသရာတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြိုနယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဝင်းက ပြောသည်။

    “သူအိမ်က contact တွေကို မိသားစုတွေကို စစ်တော့ ၅ ယောက်စစ်တာ လေးယောက်တွေ့တယ်။ လေးယောက်ထဲမှာ ဆယ်တန်းကျောင်းသား တစ်ယောက်ပါတယ်။ ၈ တန်း တစ်ယောက်ပါတယ်။ ကျောင်းသားပါတယ်ဆိုတော့ အဲလူနာတွေကို ဆေးရုံးပို့ပြီး သူတက်ခဲ့တဲ့ကျောင်းက အတန်းဖော်တွေကို စစ်တယ်”ဟု ဒေါက်တာမြင့်ဝင်းက ပြောသည်။

    ဒေါ်အေးမိနှင့် အတူနေထိုင်သော မိသားစုဝင်များကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်စစ်ဆေးရာ မိသားစုဝင် ၅ ဦးတွင် ၄ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

    ထို့အတူ ဆယ်တန်း နှင့် ရှစ်တန်းကျောင်းသား နှစ်ဦး၏ အတန်းဖော်များ နှင့် ဆရာ၊ ဆရာမများကို ထပ်မံ စစ်ဆေးခဲ့ရာ ကျောင်းသား ၄၆ ဦး နှင့် ဆရာမ ၅ ဦးတွင် ကိုဗစ်အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒေါက်တာမြင့်ဝင်းက ပြောသည်။

    ကမာမို အထက်တန်းကျောင်းရှိ ပိုးတွေ့ရှိခဲ့သော အတန်းများကို ၁၀ ရက် ပိတ်ထားမည့် ဖြစ်ပြီး ကျန်သည့် အတန်းများကတော့ ပုံမှန်အတိုင်း ကျောင်းတက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်အတည်ပြုလူနာများဖြစ်သည့် ကျောင်းသူ၊ ကျောင်းသားများ နှင့် ဆရာမများသည် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ ဖြစ်ကြောင်း သိရသည်။

    ကိုဗစ်အတည်ပြု‌ ရောဂါပိုးမတွေ့ရှိခဲ့သော ဆရာမများ နှင့် ကျောင်းသူ၊ ကျောင်းသားများကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် PCR စနစ်ဖြင့် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

    ကိုဗစ်အရေးကူညီနေသူ တစ်ဦးက “ကိုဗစ်က တစ်ကျော့ပြန် ခေါင်းထောင်လာပြီဆိုတော့ ပြည်သူတွေလည်း မပေါ့ဆကြပါနဲ့။ ပွဲတော်တွေလည်း မသွားကြပါနဲ့။ လူစုလူဝေးရှောင်ပါ။ mask တပ်ပါလို့သတိပေးလိုပါတယ်”ဟု ပြောသည်။

    ချောင်းဆုံမြို့နယ်တွင် ကိုဗစ်အတည်ပြုရောဂါပိုး ပြန်လည်ကူးစက်မှု မြင့်တက်လာရခြင်းမှာ ပွဲတော်များပြုလုပ်ခြင်း၊ လူစူလူဝေး ပြုလုပ်ခြင်းများမှ စတင်ကူးစက်လာရခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀၇) ဦးတွေ့ရှိခဲ့ရပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၅.၃၈) ရာခိုင်နှုန်းရှိကြောင်း နစက‌ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

    ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ  ၅၅ ဦးရှိမွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၁)မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက် တစ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ အပါအဝင် ၅၅ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။ကမာမိုကျေးရွာ ဒေါ်အေးမိက ဖေဖော်ဝါရီ ၉ ရက်က မော်လမြိုင်မြို့ ပြင်ပဆေးရုံးသို့ လာရောက်ပြသရာတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြိုနယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဝင်းက ပြောသည်။"သူအိမ်က contact တွေကို မိသားစုတွေကို စစ်တော့ ၅ ယောက်စစ်တာ လေးယောက်တွေ့တယ်။ လေးယောက်ထဲမှာ ဆယ်တန်းကျောင်းသား တစ်ယောက်ပါတယ်။ ၈ တန်း တစ်ယောက်ပါတယ်။ ကျောင်းသားပါတယ်ဆိုတော့ အဲလူနာတွေကို ဆေးရုံးပို့ပြီး သူတက်ခဲ့တဲ့ကျောင်းက အတန်းဖော်တွေကို စစ်တယ်"ဟု ဒေါက်တာမြင့်ဝင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks