spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19ပေါင်မြို့နယ်တွင် မူကြိုကလေးအပါအဝင် ၄ ဦး ကိုဗစ်ပိုးတွေ့

    ပေါင်မြို့နယ်တွင် မူကြိုကလေးအပါအဝင် ၄ ဦး ကိုဗစ်ပိုးတွေ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၆)

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မူကြို (KG) ကလေးငယ်တစ်ဦး၊ မူလတန်းကလေး တစ်ဦးအပါအဝင် ၄ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

    ပေါင်းရပ်ကွက်တွင် နေထိုင်သော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ ၂၆ ရက်က နေမကောင်းဖြစ်သောကြောင့် ပေါင်မြို့နယ် ပြည်သူဆေးရုံရှိ Fever Clinic သို့ လာရောက်စစ်ဆေးရာမှ ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကိုဗစ်အရေးကူညီနေသူ တစ်ဦးက ပြောသည်။

    “အသက် ၅ နှစ်အရွယ်ကလေးက လူမှုဝန်ထမ်းကိုယ်အားကိုယ်ကိုး မူကြိုကျောင်းမှာ တက်နေတာ။ အဲကျောင်းက ဆရာမတွေ ကျောင်းသူကျောင်းသား ၇၂ ဦးကိုလည်း စစ်ပြီးပြီ။ ၉ နှစ်ကလေး စာသင်ကြားနေတဲ့ အမက ကမ်းနားကျောင်းက ဆရာ၊ ဆရာမ ကျောင်းသူကျောင်းသား ၄၅ ကိုလည်း စစ်ပြီးပြီ အားလုံး Negative အဖြေထွက်တယ်”ဟု ၎င်းက ပြောသည်။

    ကူးစက်ခံရသူ၏ မိသားစုဝင်များကို ဆက်လက်စစ်ဆေးရာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ ၉ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် မူကြိုတက်နေသော ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့မှာ အတည်ပြုရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    RDT နည်းဖြင့် ပထမအကြိမ် စစ်ဆေးရာတွင် Negative ထွက်ရှိခဲ့သော်လည်း PCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။

    လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာ လေးဦးကို  ပေါင်မြို့နယ် Isolation ward သို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်း ရောဂါပိုး တွေ့ရှိခဲ့သော်လည်း ၄ ဦးလုံးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း ပေါင်မြို့နယ် ကျားဘိုကျေးရွာ အခြေခံအထက်တန်းကျောင်းခွဲမှ ဆရာမတစ်ဦးတွင် ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ပြီး ဆရာမ၏ မိသားစုဝင်အပါအဝင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၁ ဦး၌ ကိုဗစ်အတည်ပြုရောဂါပိုး ထပ်မံတွေ့ရှိခဲ့သေးသည်။

    မူကြိုကလေးတစ်ဦး ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးနေစဉ် (ဓာတ်ပုံ- နတ်သား (ပေါင်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks