Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြိုနယ် ဝက်မွေးမြူရေးခြံများတွင် ရောဂါပိုးကြောင့် ဝက်များသေဆုံး

    မော်လမြိုင်မြိုနယ် ဝက်မွေးမြူရေးခြံများတွင် ရောဂါပိုးကြောင့် ဝက်များသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၆)

    မွန်ပြည်နယ်၊ မော်လမြိုင်မြိုနယ်အတွင်းရှိ ဝက်မွေးမြူရေးခြံများတွင် ရောဂါပိုးများ ဝင်ရောက်လာသောကြောင့် ဝက်များ သေဆုံးမှု ရှိလာကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံက သိရသည်။

    ထိုင်းနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသော ဝက်များကြောင့်သာ ရောဂါပိုး ကူးစက်ကာ သေဆုံးလာရခြင်း ဖြစ်သည်ဟု ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

    “ထိုင်းနိုင်ငံမှာလည်း တော်တော်ဖြစ်နေတယ်။ ထိုင်းကနေ တရားမဝင် ဝင်လာတဲ့ ဝက်တွေကြောင့်သာ မွန်ကို ရောက်လာနိုင်တာပါ။ ဒီရောဂါပိုး ကူးစက်ခံရပြီဆိုရင်တော့ သေဆုံးကြတာ များတယ်”ဟု ၎င်းက ပြောသည်။
    လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟုသာ သိရှိထားပြီး အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သတ်ပြီး သေချာ သိရှိထားခြင်း မရှိသေးကြောင်း ဆက်ပြောသည်။

    မော်လမြိုင်မြိုနယ်အတွင်း ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၇ဦးခန့်သာ ကျန်ရှိနေပြီး ကျန်သည့်လုပ်ငန်းရှင်များသည် လုပ်ငန်းရပ်နားသွားကြပြီဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများတွင် ဝက်အကောင်ရေ နှစ်သိန်းကျော်ခန့် ရှိပြီး‌ မော်လမြိုင်မြို့နယ် အတွင်း၌ ဝက်အကောင်ရေ ၇ သောင်းနီးပါး မွေးမြူထားကြောင်း သိရသည်။

    လက်ရှိတွင် မော်လမြိုင်မြို့နယ်အတွင်းက မွေးမြူရေးခြံများတွင် သေဆုံးသွားသည် ဝက်အကောင်အရေ စာရင်းကို ရယူထားခြင်းမရှိသေးကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့မှ သိရသည်။

    ကြိုတင်ကာကွယ်နိုင်မည် နည်းလမ်းကို သိရှိထားခြင်း မရှိသေးသောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မော်လမြိုင်မြိုနယ်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “ကျွန်တော့ ခြံမှာတော့ မရှိသေးဘူး။ မရှိသေးတာ။ ကြိုတင်ကာကွယ်ဖို့ ကျတော့လည်း ဘယ်ကဘယ်လို စလုပ်ရမလဲ ကျွန်တော်မသိထားဘူး။ နောက်ပြီး မြန်လည်းမြန်တယ်။ တစ်ကောင်မှာ ဖြစ်ပြီလို့ သိတာနဲ့ တစ်ခြံလုံးကုန်တော့မယ် အဲလိုကူးတာ”ဟု ၎င်းက ပြောသည်။

    သက်ဆိုင်ရာဌာနဆိုင်ရာများမှ မွေးမြူးရေးခြံများကို ကွင်းဆင်းကာ စစ်ဆေး ကြည့်ရှုခြင်းများကို ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ဆက်ပြောသည်။


    ဗိုင်းရပ်စ်ကူးစက်ခံရသည် ဝက်များ၏ လက္ခဏာမှာ ရုတ်တရက် လံကျခြင်း၊ လဲကျပြီးနောက် ပြန်မထလာနိုင်ခြင်း၊ အစာမစားခြင်း နှင့် နောက်ဆုံးတွင် နှာခေါင်းမှ သွေးထွက်ကာ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
    မွန်ပြည်နယ်အတွင် မော်လမြိုင်မြို့နယ်သာမက သထုံမြိုနယ်၊ ကျိုက်ထိုမြို့နယ် နှင့် မုဒုံမြိုနယ်တို့တွင်လည်း ဝက်များ ရောဂါကူးစက်မှု ရှိနေကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း ကြက်ကောင်ရေ ၃သိန်းကျော်၊ ဝက် နှင့် ဘဲ ကောင်ရေ ၄သိန်းကျော် မွေးမြူနေကြပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

    ဝက်မွေးမြူရေးခြံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks