Thursday, March 12, 2026
More
    spot_img
    HomeCovid 19ကျိုက်ထိုမြို့နယ်တွင် အိုမီခရွန် ပိုမိုကာကွယ်နိုင်သည့် Sputnik Light ကိုဗစ်ကာကွယ်ဆေးထိုးမည်

    ကျိုက်ထိုမြို့နယ်တွင် အိုမီခရွန် ပိုမိုကာကွယ်နိုင်သည့် Sputnik Light ကိုဗစ်ကာကွယ်ဆေးထိုးမည်

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၂၆)

    အိုမီခရွန်ကို ပိုမိုကာကွယ်နိုင်စွမ်းရှိသော ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ကျိုက်ထိုမြို့နယ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

    ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး  Sputnik Light ဆေးသည် ကိုဗစ် – ၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကို ပိုမို ခုခံနိုင်စွမ်းရှိပြီး တစ်ကြိမ်သာထိုးနှံရန် လိုအပ်ကြောင်း ကျိုက်ထိုမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် – ၁၉ ရောဂါ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်ဦးက ပြောသည်။

    “အခုရောက်တဲ့ ရုရှားနိုင်ငံထုတ်ဆေးက အရင်ကိုဗစ်ကာကွယ်ဆေးတွေထက် အိုမီခရွန်ကို ပိုမိုကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရတယ်။ မနက်ဖြန် စတင်ပြီး ထိုးနှံပေးသွားပါမယ်။ ဒီဆေးက တခြားဆေးတွေလို နှစ်ကြိမ်ထိုးဖို့မလိုဘူး။ အဲဒီအတွက် သက်ကြီးရွယ်အိုတွေ ထိုးဖို့သင့်တော်တယ်။ နောက်တစ်ခုက တစ်ကြိမ်မှ မထိုးရသေးတဲ့သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်” ဟု ဒေါက်တာခွန်မောင်ဦးက ပြောသည်။

    အဆိုပါကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသူများကိုသာ ထိုးနှံနိုင်ကြောင်း သိရသည်။

    အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ခြင်း မရှိသေးကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်သို့ ကိုဗစ်ကာကွယ်ဆေးရောက်ရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်အတွက် ဆေးအလုံးရေ ၈ ထောင်ရရှိကြောင်း ဒေါက်တာခွန်မောင်ဦးထံမှ သိရသည်။

    ပြီးခဲ့သည့် လမှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ဗီဇမျိုးစိတ်သစ် အိုမီခရွန်ပိုးကို ပြည်ပ ပြန်များထံတွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ယခုဆေးကို မဖြစ်မနေထိုးနှံသင့်ကြောင့် ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks