spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးRCSS ကွန်ကရက်မှ ဗိုလ်ချုပ်ကြီးယွက်စစ်အား ဥက္ကဋ္ဌတာဝန်ဆက်လက်ပေးအပ်

    RCSS ကွန်ကရက်မှ ဗိုလ်ချုပ်ကြီးယွက်စစ်အား ဥက္ကဋ္ဌတာဝန်ဆက်လက်ပေးအပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၈)

    သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ တတိယအကြိမ် ကောင်စီကွန်ကရက်ကို ကျင်းပပြီးစီးခဲ့ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်အား ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။

    RCSS ၏ တတိယအကြိမ် ကောင်စီကွန်ကရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆၊ ၁၇ ရက်များတွင် ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပခဲ့ကြောင်း ယနေ့ (ဇန်နဝါရီ ၁၈) ရက်တွင် ထုတ်ပြန်ခဲ့သည်။

    RCSS မှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက “ကျနော်တို့ ဒီ RCSS မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာရှိတယ်။ ဒီဖွဲ့စည်းပုံအရ ကျ‌နော်တို့ ရွေးကောက်ခြင်းဖြစ်တယ်။ RCSS က တည်ထောင်လာတာ ၂၅ နှစ်ပြည့်ပြီပေ့ါနော်။ ဒါပေမယ့် တည်ထောင်ခါစတုန်းကတော့ နှစ်ပတ်လည် အစည်းအဝေးပဲ ကျင်းပနိုင်ခဲ့တယ်။ အချိန်ယူပြီးတော့ အင်အားစုစည်းရတာပေါ့။ ၁၀ နှစ်၊ ၁၂ နှစ်ကြာတဲ့အခါကြမှာ ကျနော်တို့တွေ ပထမအကြိမ် ကွန်ကရက်ကို ကျင်းပနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်ဆို တတိယမြောက်ပေါ့နော်” ဟု ပြောသည်။

    ယင်းကွန်ကရက်တွင် အကြံပေးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကောင်မတီဝင်များ၊ ဌာနအသီးသီး၏ ဌာနမှူးများကို ရွေးချယ် အတည်ပြုခဲ့ပြီး လာမည့် (၄)နှစ်တာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တပ်မ‌‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဗိုလ်မှူးစိုင်းခမ်းစံက “ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အမှန်တကယ်ဆွေးနွေးမယ်ဆိုရင် အဲတာကို ဆိုလိုတာ၊ ပထမတစ်ချက်က ဒုတိယတစ်ချက်ကြတော့ ကျနော်တို့ ဒီ RCSS မှာ ကျနော်တို့ ရပ်တည်ချက်တစ်ခုရှိတယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖြစ်တယ်၊ အဲတာမှ အောင်မြင်နိုင်မှာပေါ့နော်၊ စစ်ရေးနဲ့ ဖြေရှင်းလို့ရှိရင် နှစ်ပေါင်း ၇၀ ကျော်ပြီ မပြီးနိုင်ဘူး။ ဒါပထမတစ်ချက် တွေ့ဆုံဆွေးနွေးရေးဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်၊ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးဆိုတာ ဟိုတစ်ဖွဲ့ကိုပဲ တွေ့မယ်၊ ဒီတစ်ဖွဲ့ကို မတွေ့ဘူး၊ အဲတာကို ဆိုလိုတာ မဟုတ်ဘူး။ အားလုံးပါဝင်နိုင်ဖို့ လိုတာပေါ့” ဟု ပြောသည်။

    RCSS ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် တည်ထောင်ပြီး ရှမ်ပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျှန်းတွင် ဌာနချုပ်ထားရှိကာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိမိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆမ် ဒေသများ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် လှုပ်ရှားလျက်ရှိသည်။

    RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန်းနီ စသည့် မြို့နယ်များအတွင်း နယ်မြေ အငြင်းပွား ကာ တိုက်ပွဲများ ယနေ့ထိတိုင် မကြာခဏ ဖြစ်ပွားလျက်ရှိနေကြသည်။

    RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks