Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်ထိုမြို့နယ် ပန်းရိုးမ KTV တွင် အတူလာသူအချင်းချင်း အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီးသေဆုံး

    ကျိုက်ထိုမြို့နယ် ပန်းရိုးမ KTV တွင် အတူလာသူအချင်းချင်း အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၁၅)

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဗိုလ်ချုပ်လမ်းတွင် နေ့ခင်းဖွင့်လှစ်ထားသည့် ပန်းရိုးမ KTV ဆိုင်၌ အတူလာသူအချင်းချင်း အမျိုးသားတစ်ဦးသေနတ်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း KTV ဆိုင်အလုပ်သမားများနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ဦးကိုမျိုးနှင့် အတူလာသူနှစ်ဦးထဲမှ အမည်မသိ သေနတ်သမားက အနီးကပ်နှစ်ချက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    ” သူနဲ့လာတဲ့နှစ်ယောက်ထဲက တစ်ယောက်တဲ့၊ အနီးကပ်ပြီးနှစ်ချက်ပစ်သွားတာ။ သေသွားတဲ့သူက သိမ်ဇရပ်က ကယ်ရီသမားလို့ပြောတယ်။ သေနတ်သမားကတော့ လာအဖမ်းခံမယ်လိုလိုပြောပေမယ့် မသေချာပါဘူး” ဟု ၄င်းက ဆိုသည်။

    သေဆုံးသူနှင့် သေနတ်သမားတို့ အခင်းမဖြစ်ပွားမီက KTV သို့ အတူတကွလာရောက်ခဲ့ကြသဖြင့် မျက်နှာသိများဟု ယူဆစရာရှိပြီး ၄င်တို့နှစ်ဦးကိုရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    သို့ရာတွင် ယင်းသေဆုံးမှုဖြစ်စဥ်အပေါ် သက်ဆိုင်ရာရဲဌာနနှင့်အာဏာပိုင်များက မည်သို့မျှမှတ်ချက်ပြုပြောဆိုခဲ့ခြင်း မရှိသေးပေ။

    ထို့ပြင် သေနတ်ဒဏ်ကြောင့် ဗိုက်ပွင့်သေဆုံးခဲ့ရပြီး ဇေယျာမွန်သုသာန်တွင် နေ့တွင်းချင်းပင် အမြန်သဂြိုလ်လိုက်ရသည့် ဦးကိုမျိုးသည် သိမ်ဇရပ်မြို့နယ် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သည်ဟု သတင်းဖော်ကြသော်လည်း မွန်သတင်းအေဂျင်စီက သီးခြားအတည်မပြုနိုင်ခဲ့ပါ။  

    ဖေဖော်ဝါရီလမှစတင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စာရင်းများအရ နိုင်ငံတစ်ဝှမ်းတွင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၅၆၄ ဦးအထိ အသတ်ခံခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks