spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNMSP ပဋိပက္ခဖြေရှင်းရေး သင်တန်းပေး

    NMSP ပဋိပက္ခဖြေရှင်းရေး သင်တန်းပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၃)


    မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ဒေသအတွင်းရှိ တာဝန်ရှိသူများကို ပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်၍ အခြေခံသဘောတရားများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ မော်လမြိုင်မြို့တွင် (၃) ရက်တာ သင်တန်းပေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ခရိုင်နှင့် မြို့နယ်အာဏာပိုင်များ၏ စေ့စပ်ညှိနှိုင်းရေးစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန်အတွက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသအသီးသီးမှ သင်တန်းသား ၂၈ ဦးပါဝင်တက်ရောက်ပြီး မော်လမြိုင် ရာမညဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

    အဆိုပါသင်တန်းကို ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်း RPF အဖွဲ့က လာရောက်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်း လေ့ကျင့်ရေးသင်ရိုးညွှန်းတမ်းများ၏ သဘောတရားကို အဆင့်ဆင့် ကောက်ယူ၍ အကြို/စာမေးပွဲဖြေဆိုမှု၊ အကဲဖြတ်မှုပုံစံများ၊ ဖြစ်ရပ်မှန်လေ့လာမှုများ၊ အဖွဲ့လိုက်ဆွေးနွေးမှုများ၊ သင်တန်းမှ ၃ ရက်ကြာ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် အကျဉ်းချုပ် ကောက်ယူခဲ့ကြောင်း မွန်ပြည်သစ်ပါတီ နည်းပညာအထောက်အကူပြုအဖွဲ့မှ သိရသည်။

    သင်တန်းတွင် ပဋိပက္ခနှင့် ပတ်သက်၍ အခြေခံသဘောတရားများအကြောင်း၊ ဖြေရှင်းနည်း၊ စိန်ခေါ်မှု၊ လုပ်ငန်းစဉ်၊ ကြိုတင်ပြင်ဆင်မှု၊ လုပ်ငန်းအကောင်အထည်ဖော်မှု၊ အောင်မြင်မှု အခြေအနေများ စသည်များကို ခေါင်းစဉ် (၂) ခုခွဲကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လက်မှတ်ရေးထိုးထားသော မွန်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks