Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတိုက်ပွဲကြောင့် လွိုင်ကော်ပြည်သူများ ဆက်လက်တိမ်းရှောင်နေရ

    တိုက်ပွဲကြောင့် လွိုင်ကော်ပြည်သူများ ဆက်လက်တိမ်းရှောင်နေရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၂)

    ဘေးလွတ်ရာထွက်ပြေးနေရသူများ
    Photo-Kantarawaddy Times

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများကြောင့် ပြည်သူများ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေရကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

    “နေ့စဉ်နဲ့ အမျှရှိနေတယ်။ တောင်ကြီး လမ်းကြောင်း၊ နောက်ပြီးတော့ ပင်လောင်းတစ်ကြောင်းပေါ့လေ။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်အဲတွေမှာ သွားရှောင်နေကြတာပဲ။ နေ့စဉ်နဲ့ အမျှ လွိုင်ကော်မြို့တောင် ခြောက်နေပြီ။ လူတွေ တော်တော်ခြောက်နေပြီ ဘာမှ မရှိတော့ဘူး။ အကုန်လုံးသွားကြပြီ။ တချို့ကတော့ လုံးလုံးမသွားမဖြစ်တဲ့သူတွေလောက်ပဲ ကျန်တာပေါ့လေ။ များသောအားဖြင့်သွားကုန်ကြပါပြီ။ ရှောင်ကုန်ကြပြီပေ့ါ။ ခြောက်ကပ်နေတာပဲ လွိုင်ကော်မြို့ကလည်း” ဟု ၎င်းက ပြောသည်။

    လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ခန့် စတင်၍ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းအဖွဲ့နှင့် တပ်မ‌တော်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

    တိုက်ပွဲရှောင်များကို ကူညီပေးနေသူတစ်ဦးက “ခန့်မှန်းလို့ကို မရဘူးဖြစ်နေတာ။ ဒီ ၄၊ ၅၊ ၆ ရက် ရှိနေပြီ တစ်ပတ်နီးပါးလောက်ရှိနေပြီ တောက်လျောက်ကို ထွက်နေတာလေ။ လွိုင်ကော်မြို့ရဲ့ လူဦးရေတော်တော်များများက ထွက်ကုန်ပြီလေ။ မခန့်မှန်းနိုင်တော့ဘူး။ ကားကြီး၊ ကားငယ်အသွယ်သွယ်နဲ့ သွားနေကြတာ နည်းမှ မနည်းပဲ။ အရင်ကဆို တောင်ကြီးကို ၂ နာရီနဲ့ရောက်တယ်။ လူနာတွေ သွားပို့တာ၊ အခုတော့ ၃ နာရီခွဲလောက်ကြာတယ်။ ရောက်ဖို့။ ရှောင်နေရတာ ကားတွေက အများကြီးကိုး။ ကားတွေကို ရှောင်ရှောင်ပြီးသွားနေရတော့ ခရီးက မ‌ရှောက်ဘူးပေါ့” ဟု ပြောသည်။

    လွိုင်ကော်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး ဇန်နဝါရီ ၁၁ ရက်က လေယာဉ် (၂) စီးဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၁၂) ရက် နံနက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှုများ ကြားနေရကြောင်း ၎င်းက ပြောသည်။

    လက်ရှိတွင် ကယား(ကရင်နီ)ပြည်နယ်၏ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့နယ်များ အပြင် သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တို့တွင် တပ်မတော်နှင့် ဒေသတွင်း အဖွဲ့အစည်းများကြားက တိုက်ပွဲများကြောင့် လူဦးရေ ၁၇၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ-WLB) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks