spot_img
Wednesday, January 28, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်စက်မှုဇုန်တွင် လမ်းပေါ်ကျုးကျော်ရောင်းချနေသော ဆိုင်များကို စစ်သားလုံခြုံရေးများ ဖျက်သိမ်း

    မော်လမြိုင်စက်မှုဇုန်တွင် လမ်းပေါ်ကျုးကျော်ရောင်းချနေသော ဆိုင်များကို စစ်သားလုံခြုံရေးများ ဖျက်သိမ်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၀)

    မော်လမြိုင်-ဘားအံတံတားလမ်းအဆင်း စက်မှုဇုန် နှင့် လူနေရပ်ကွက်လမ်းပေါ်တွင် ရောင်းချနေသော ‌ကျုးကျော်ဆိုင်များကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက စစ်သားလုံခြုံရေးများဖြင့် ဖယ်ရှားခဲ့ကြောင်း သိရသည်။

    ယခင်အစိုးရလက်ထက်ကတည်းက လမ်းကျုးကျော်သူများကို သတိပေးစာပေးပို့ခဲ့ခြင်းဖြစ်ပြီး လမ်းဦးစီးဌာနမှ ဇန်နဝါရီ ၁၀ရက်တွင် အပြီးဖယ်ရှားပေးရန် သတိပေးစာ ပေးပို့ထားပြီဖြစ်ကြောင်း ညောင်ပင်ဆိပ်ရပ်ကွက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


    “အခုဟာက ဆယ်ရက်လောက်ရှိပြီ မနက်ဖြန် နောက်ဆုံးထားပြီးတော့ ဖျက်ခိုင်းထားတာ လူတွေက ဘာမှ မဖျက်တော့ မနက်က သူတို့ အဆောက်အဦးကြီးတဲ့ဟာ ခိုင်ခိုင်မာမာဖြစ်တဲ့ဟာဆို အချိန်တစ်ပတ်ပေးသွားတယ်။ ဖျက်လို့ရတဲ့ ဓနိတဲလိုမျိုးဆို ပိုင်ရှင်ရှိရင် ဖျက်ယူသွားတယ်။ ရွေ့ပေးတယ်”ဟု ၎င်းက ပြောသည်။


    လမ်းအတွင်းပိုင်း၌ လမ်းပေါ် ဆိုင်များအတည်တကျဆောက်လုပ်ကာ ကျုးကျော် ဈေးရောင်းချသူများ ပိုမိုများလာကြောင်း၊ ပြည်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းရန်အတွက် ဆိုင်များ အခိုင်အမာဆောက်လုပ်ကာ ရောင်းချခြင်းထက် ယာယီဆိုင်များသာ ဖွင့်လှစ်ရောင်းချစေလိုကြောင်း ၄င်းကဆက်ပြောသည်။ လက်ရှိတွင် ဆိုင်ပေါင်း ၆၀ ခန့်ကို သက်ဆိုင်ရာဦးစီးဌာနမှ လာရောက် ဖျက်သိမ်းသွားကြောင်း သိရသည်။


    ညောင်ပင်ဆိပ်ရပ်ကွက်မှ ဒေသခံတစ်ဦးက “ဆိုင်အကြီးတွေတော့ ကျန်နေသေးတယ်။ အဲဆိုင်တွေကိုတော့ တစ်ပတ်အတွင်း အပြီးဖျက်ပေးဖို့ ပြောသွားတယ်။ ဆိုင်သေးတာတွေကိုတော့ တစ်ခါထဲ ပိုင်ရှင်ကို ခေါ်တယ်။ ဆိုင်ရှင်ရောက်တာနဲ့ တစ်ခါ ဖျက်သိမ်းသွားတယ်။ ဝမ်းနည်းတာပေါ့။ ဒီအချိန်က လူတိုင်း စားဝတ်နေရေး ခက်ခဲနေကြတာလေ”ဟု ပြောသည်။

    စက်မှုဇုန် နှင့် ‌လူနေအိမ်လမ်းတစ်လျှောက်တွင် လမ်းပေါ်ကျုးကျော်ဖွင့်လှစ်ထားသည့် ဆိုင်ပေါင်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks