Wednesday, March 11, 2026
More
    spot_img
    HomeCovid 19ရေးမြို့မူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ ၄ ဦးတွင် ကိုဗစ်ပိုးတွေ့

    ရေးမြို့မူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ ၄ ဦးတွင် ကိုဗစ်ပိုးတွေ့

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၀)

    ရေးမြိုပေါ် အောင်မင်္ဂလာရပ်ကွက် အမှတ် (၅) မူလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၄ ဦးတွင် ကိုဗစ် (၁၉)ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

    ရောဂါကူးစက်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးမှာ KG 1 Grade 3 တွင် ပညာသင်ကြားနေသူများဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် အတည်ပြု စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရေးမြိုနယ်မှ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

    “သိတာက ကလေးတစ်ယောက်က ဆော့ရင်း မျက်ခုံးကွဲသွားတယ်။ အဲဒါနဲ့ မော်လမြိုင်ဆေးရုံမှာ ကုနေတာပေါ့။ အဲမှာ စစ်လိုက်တော့ ကလေးမှာ ကိုဗစ်ပိုးရှိတယ်လို့ သိရတာ။ contact တွေကို စစ်လိုက်တော့ သူရဲ့အတန်းထဲက ကလေး သုံးယောက်မှာ ထပ်တွေ့တယ်”ဟု ၎င်းက ပြောသည်။

    ကိုဗစ်ကူးစက်ခံရသည့် ကလေး ၄ ဦးမှာ ရေးမြိုပေါ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ ၃ ဦး နှင့် ချောင်းတောင်ကျေးရွာမှ ၁ ဦးတို့ ဖြစ်ကြောင်း ဆက်ပြောသည်။

    လက်ရှိတွင် အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သူများကို ဆက်လက်စစ်ဆေးနေပြီး စာသင်ခန်းကို ယာယီပိတ်ထားကြောင်း သိရသည်။

    “ကျောင်းတစ်ကျောင်းလုံး ပိတ်ထားတာတော့ မဟုတ်ဘူး။ အဲကလေးတွေ ‌စာသင်တဲ့ စာသင်ခန်းကိုပဲ ယာယီခဏ ပိတ်ထားတာပါ။ ကျန်တဲ့အတန်းတွေကတော့ ပုံမှန်အတိုင်း ဖွင့်ထားတယ်”ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

    အတည်ပြုလူနာ လေးဦး နှင့် ဆက်စပ်သူများကို ရေးမြို့နယ်ဆေးရုံ ကိုဗစ်လူနာထားသည့်အဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ရေးမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၉၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks