spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်တို့ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရေး နိုင်ငံခြားရောက်မွန်များ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ဂျပန်နိုင်ငံ ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ဟံသာ အွန်လိုင်းမိန့်ခွန်းပြောကြား

    မွန်တို့ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရေး နိုင်ငံခြားရောက်မွန်များ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ဂျပန်နိုင်ငံ ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ဟံသာ အွန်လိုင်းမိန့်ခွန်းပြောကြား

    -

    မွန်သတင်းအေဂျင်စီ (၁၀ ဇန်နဝါရီ ၂၀၂၂)

    မွန်လူမျိုးများအနေဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ပျော်မွေ့နေရုံမျှနဲ့ကျေနပ်မနေသင့်ဘဲ မွန်တို့ကံကြမ္မာ မွန်တို့ဖန်တီးနိုင်ရေး ဝိုင်းဝန်ဆောင်ရွက်ကြစေလိုကြောင်း ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ပြီးခဲ့သည့် စနေနေ့က ကျင်းပသည့် ကျင်းပသည့် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ဟံသာက အွန်လိုင်းမိန့်ခွန်းတရပ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

    နိုင်ဟံသာက “ကျနော်တခုပြောလိုတာက နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိနေထိုင်နေကြတဲ့မွန်တွေဟာ နိုင်ငံခြားမှာပဲ ပျော်မွေ့ရုံ မနေသင့်ပါ၊ အဲဒီမှာပဲနေထိုင်ပြီး အိမ်ထောင်ရက်သားကျ သားသမီးရတော့လည်း တခြားလူမျိုးဖြစ်သွားပြန်ကုန်ရော၊ အမေရိကန်၊ ကနေဒါရောက်မွန်တွေ တချို့မွန်တွေဟာ သူတို့သားသမီးတွေ မွန်စကားပြောမတတ်ကြဘူး မွန်အနည်းအကျဥ်းစုပြီး နေထိုင်တဲ့နေရာလောက်မှာပဲ ကျန်တော့တာ၊ ဒါကြောင့် နိုင်ငံခြားမှာပဲ သွားပျော်မွေ့နေရုံသက်သက် မဖြစ်ပါစေနဲ့” ဟု ဆိုသည်။

    အချုပ်အချာအာဏာပြည့်ဝသည့် မွန်တို့နိုင်ငံတော်ကို အပြည့်အဝမတည်ထောင်နိုင်သည့်တိုင် ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေး၊ မွန်ဒေသအရေး မွန်တွေစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိလာစေရန်၊ မွန်တို့ကံကြမ္မာ မွန်တွေဖန်တီးနိုင်ရေး၊ မွန်စကား မွန်စာပေ မွန်ယဥ်ကျေးမှု ထိန်းသိမ်းရေး ဆက်လုပ်ဆောင်သွားရန် လက်ရှိမွန်မျိုးဆက်သစ်များအားလုံးတွင် တာဝန်ကိုယ်စီရှိနေကြောင်း ၄င်း၏ ၂၅ မိနစ်ကြာ ပြောကြားသည့်မိန့်ခွန်းတွင် တိုက်တွန်းထားခြင်းဖြစ်သည်။


     “မြေပြန့်ဖြစ်တဲ့ မွန်တို့ဒေသဟာ အလုပ်အကိုင်ကောင်း နေထိုင်လို့ကောင်းမွန်တဲ့ဒေသဖြစ်နေတော့ ဗမာလူမျိုးတွေအစုလိုက် အပြုံလိုက်ဝင်ရောက်လာတာပါ၊ ဒါဟာ သိပ်ကိုကြီးမားနေတဲ့ အန္တရယ်ပါပဲ၊ ကျနော်တို့လူမျိုးတွေ ဒီအတိုင်းသာ အေးအေးဆေးဆေးပဲ လုပ်နေကြရင် လူမျိုးပျောက်ကုန်ပါလိမ့်မယ်၊ ကုလသမဂ္ဂကလည်း ဒါကိုသုံးသပ်ထားတာရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

    ထို့ပြင် တချို့မွန်ရွာများ ဗမာအများအပြား အစုလိုက်အပြုံလိုက် ဝင်ရောက်နေထိုင်လာကြပြီး မြန်မာကျေးရွာများအဖြစ်ပြောင်းလဲသွားသည်ကို တချို့ဒေသတွင် တွေ့ရှိခဲ့ရကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေထိုင်သည့်ဒေသတွင် မဲပေးခွင့်ပြုသည့်ဥပဒေကို မြန်မာအစိုးရဥပဒေပြဌာန်းပေးခဲ့သဖြင့် မဲပေးခွင့်အလွယ်တကူရရှိခဲ့ကြောင်း နိုင်ဟံသာက ဥပမာပေး ထောက်ပြခဲ့သည်။

    ဂျပန်နိုင်ငံ နာဂိုယာမြို့နေ နိုင်အုန်းလွင်က “ဂျပန်မှာ ကျနော်တို့ မွန်လူမျိုး ၁၅၀၀ ဝန်းကျင်လောက် ရောက်နေပါတယ်၊ အခုကျင်းပတဲ့ ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားမှာ လူငယ် ၃၀၀ နီးပါးလောက် တက်ရောက်ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ခန့်က မွန်နေပြည်တော် ဟံသာဝတီ (ဗဂိုး) တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကိုအစွဲပြု၍ မွန်အမျိုးသားနေ့ကိုသတ်မှတ်ကျင်းပခဲ့ပြီး ယခုနှစ် မွန်ပြက္ခဒိန်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ နေ့တွင်ကျရောက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks